Showing posts with label ကဗျာ..... Show all posts
Showing posts with label ကဗျာ..... Show all posts

Sunday, 5 August 2012

မနက်ဖြန် အတွက်...( ၄ )

ယနေ့ ည .....လပြည့်ဝန်းလို မျိုး ။
လူတိုင်းမျက်နှာ ၀င်းပကြည်ကာ ။
သာယာနိုင်ကြရင် ........................
လူ့ဘ၀ လူ့တန်ဖိုးကို
လောကအမြင်ထဲ အပြည့်အ၀ရရှိမှာမလွဲပေ ။

နောက်ဆုံးတော့
အားလုံးဟာ သေဆုံးရမှာပါ ။
မပူလေနဲ့ အဲဒီတွက်တော့ .............။

အကြီးကဲက
ငယ်သူများကိုလမ်းခွဲရလိမ့်မယ် ။
မိဘက
သားသမီးကို လမ်းခွဲရလိမ့်မယ် ။
ဆရာက
တပည့်ကိုထားခဲ့ရလိမ့်မယ် ။
ခင်ပွန်းသည်က
ကြင်ယာဇနီးကို စွန့်ခဲ့ရလိမ့်မယ် ။

အဲဒီချိန်ကျရင်ဖြင့် .................။
ဘယ်မှာလဲ အာဏာ.............
ဘယ်မှာလဲ ပါဝါ....................
ဘယ်မှာလဲ ဥစ္စာ....................
ဘယ်မှာလဲ စည်းစိမ်...................
ဘယ်မှာလဲ အလှတရား............

ဒီမေးခွန်းတွေကို ဖြေချင်သပဆိုရင်ဖြင့် ။
အာဏာကို အာဏာနေရာမှာသုံး
ပါဝါကို ပါဝါနေရာမှာသုံး
ဥစ္စာကို ဥစ္စာလိုသုံး
စည်းစိမ်ကို စည်းစိမ်လိုသုံး
အလှတရားကို အလှတရား လိုပဲ လိုအပ်ရာမှာသုံး
ကိုယ့်နေရာ ကို ကိုထမ်းဆောင်
ကိုယ့်တာဝန်ကို ကိုထမ်းဆောင်
အမှောင်ဝင်လာရင်
အားလုံးလက်တွဲ ပြီး အလင်းဆောင် ။
တရားသဘောနဲ့ ပြောရရင်တော့ ..............
အားလုံးအနိစ္စပါပဲ ။
သြော်...................................................
အခုလို ခနတာ အချိန်လေးမှာ
အနိစ္စလို့ နည်းနည်းလေးသိပေးပြီး
ဒီသီတင်းကျွတ်ည လပြည့်ကို
အေးချမ်းမှု့နဲ့ ဖြတ်ကျော်ရင်း
မနက်ဖြန်အတွက်
ကိုယ်အား ဥာဏ်အား မွေးဖွားနိုင်ကြပါစေ ။


သံစဉ်........

အပူတွေ မျှဝေခံစားလို့ ( ၃ )

တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
အပြန်အလှန် မေတ္တာထားလို့ ........
သုတ် သင်္ဂါလ အလာ ။
တို့ မြတ်စွာ ဟောမိန့် ခဲ့သလို ......
မိဘက မိဘကျင့်ဝတ်ကိုကျင့်လို့
သားသမီးအပေါ်တာဝန်ကျေ
ဆရာက ဆရာ့ကျင့်ဝတ်ကိုကျင့်လို့
တပည့်အပေါ်တာဝန်ကျေ
ခင်ပွန်းက ခင်ပွန်းကျင့်ဝတ်ကျင့်လို့
ဇနီးအပေါ်တာဝန်ကျေ
စသည် စသည် ဖြင့်
လောကကို အလှဆင်ဖို့
လူတို့ တစ်တွေ တရားကိန်းပြီး
ရဟန်းက ရဟန်းကျင့်ဝတ်ကျင့်လို့
ဒကာ ဒကာမ အပေါ်တာဝန်ကျေ
သာသနာကို အလှဆင်ဖို့
သမ္မတ က သမ္မတ ကျင့်ဝတ်ကျင့်လို့
ပြည်သူ့အပေါ်တာဝန်ကျေ
ဒါဆိုရင် တို့ပြည်တို့မြေ လဲ
အေးချမ်းရလိမ့်မယ် ။
အပူတွေကို မျှဝေခံစားလို့ ..............။

သံစဉ်...........

အပူနည်းလိမ့်မယ်.......( ၂ )

ဒါတင်ပဲလား .....................။
မကသေးပါဘူး ....
တစ်ဦး နှင့် တစ်ဦး သဘောတူမကွဲလွဲပဲ ။
ချစ်ခင် စုံမက် ၊ ဂုဏ်ဒြပ်တွေ မခြားနားပဲ ။
နှစ်ဦးကြားထဲမှာ တိုင်ပင် ညှိနိုင်းမှုတွေနဲ့ ။
အတူလက်တွဲ ... အစဉ်ဆွေးနွေးပြီး ။
အထီးက အမ အမှားသည်းခံ ။
အမ က အထီးအမှားကို ညှိနှိုင်း ။
သမိုင်းတွေ မရိုင်းလေရအောင် ။
တို့ အတူ လက်တွဲလို့ လောကကိုခရီးဆက်ကြမယ် ။
စိတ်တူ ကိုယ်တူ ပေါ့ ..............။
ဒါဆိုရင် အပူနည်းလိမ့်မယ် ။

သံစဉ်............

အပူကို အပူထပ် ( ၁ )

မမြင်လိုက်ရပေမယ့် ၊ ရင်ထဲကတော့ သိနေပါတယ်၊
ဒီနေ့ ပေါ့၊
ဟောဒီသီတင်းကျွတ်လပြည့် နေ့ပေါ့။
တို့များ ထွဋ်တင် ဘုရားရှင်သည်။
အလွန်နက်နဲ ခက်ခဲပါဘိ၊
ကျမ်းအဘိကို ဟောကြား ပြီးဆုံး ခဲ့တဲ့နေ့။

အော် ...........................................။ ။
သာသနာ ဆိုတာ အဆုံးမ
အဆုံးမ ဆိုတာက ကြားနာဖို့ သက်သက်လား၊
မဟုတ်ရပါဘူး ။
လိုက်နာဖို့ အတွက်လဲ ပါတယ်လေ ။

ကမ္ဘာမြေ ဒီလောကမှာ ။
အထီးအမ ၊ မိန်းမ ယောင်္ကျား ။
ဆွဲငင်ညှို့ယူ အတူတူပဲ ။
သို့ကြောင့် ။
အထီးကိုလိုချင်လို့ အမက ပူလို့ပူ ။
အမကိုလိုချင်လို့ အထီးက ပူလို့ပူ ။
အပူကတော့ တူတူပဲ ။
အပူကို အပူထပ် လို့ အပူက အေးသွားမှာလား ။

သံစဉ်...........

လူဘ၀လပြည့်ည.....

မမြင်လိုက်ရပေမယ့် ၊ ရင်ထဲကတော့ သိနေပါတယ်၊
ဒီနေ့ ပေါ့၊
ဟောဒီသီတင်းကျွတ်လပြည့် နေ့ပေါ့။
တို့များ ထွဋ်တင် ဘုရားရှင်သည်။
အလွန်နက်နဲ ခက်ခဲပါဘိ၊
ကျမ်းအဘိကို ဟောကြား ပြီးဆုံး ခဲ့တဲ့နေ့။

အော် ...........................................။ ။
သာသနာ ဆိုတာ အဆုံးမ
အဆုံးမ ဆိုတာက ကြားနာဖို့ သက်သက်လား၊
မဟုတ်ရပါဘူး ။
လိုက်နာဖို့ အတွက်လဲ ပါတယ်လေ ။

ကမ္ဘာမြေ ဒီလောကမှာ ။
အထီးအမ ၊ မိန်းမ ယောင်္ကျား ။
ဆွဲငင်ညှို့ယူ အတူတူပဲ ။
သို့ကြောင့် ။
အထီးကိုလိုချင်လို့ အမက ပူလို့ပူ ။
အမကိုလိုချင်လို့ အထီးက ပူလို့ပူ ။
အပူကတော့ တူတူပဲ ။
အပူကို အပူထပ် လို့ အပူက အေးသွားမှာလား ။

ဒါတင်ပဲလား .....................။
မကသေးပါဘူး ....
တစ်ဦး နှင့် တစ်ဦး သဘောတူမကွဲလွဲပဲ ။
ချစ်ခင် စုံမက် ၊ ဂုဏ်ဒြပ်တွေ မခြားနားပဲ ။
နှစ်ဦးကြားထဲမှာ တိုင်ပင် ညှိနိုင်းမှုတွေနဲ့ ။
အတူလက်တွဲ ... အစဉ်ဆွေးနွေးပြီး ။
အထီးက အမ အမှားသည်းခံ ။
အမ က အထီးအမှားကို ညှိနှိုင်း ။
သမိုင်းတွေ မရိုင်းလေရအောင် ။
တို့ အတူ လက်တွဲလို့ လောကကိုခရီးဆက်ကြမယ် ။
စိတ်တူ ကိုယ်တူ ပေါ့ ..............။
ဒါဆိုရင် အပူနည်းလိမ့်မယ် ။

တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
တစ်ဦးက ပူရင် တစ်ဦးက ရေလောင်း
အပြန်အလှန် မေတ္တာထားလို့ ........
သုတ် သင်္ဂါလ အလာ ။
တို့ မြတ်စွာ ဟောမိန့် ခဲ့သလို ......
မိဘက မိဘကျင့်ဝတ်ကိုကျင့်လို့
သားသမီးအပေါ်တာဝန်ကျေ
ဆရာက ဆရာ့ကျင့်ဝတ်ကိုကျင့်လို့
တပည့်အပေါ်တာဝန်ကျေ
ခင်ပွန်းက ခင်ပွန်းကျင့်ဝတ်ကျင့်လို့
ဇနီးအပေါ်တာဝန်ကျေ
စသည် စသည် ဖြင့်
လောကကို အလှဆင်ဖို့
လူတို့ တစ်တွေ တရားကိန်းပြီး
ရဟန်းက ရဟန်းကျင့်ဝတ်ကျင့်လို့
ဒကာ ဒကာမ အပေါ်တာဝန်ကျေ
သာသနာကို အလှဆင်ဖို့
သမ္မတ က သမ္မတ ကျင့်ဝတ်ကျင့်လို့
ပြည်သူ့အပေါ်တာကျေ
ဒါဆိုရင် တို့ပြည်တို့မြေ လဲ
အေးချမ်းရလိမ့်မယ် ။
အပူတွေကို မျှဝေခံစားလို့ ..............။

ယနေ့ ည .....လပြည့်ဝန်းလို မျိုး ။
လူတိုင်းမျက်နှာ ၀င်းပကြည်ကာ ။
သာယာနိုင်ကြရင် ........................
လူ့ဘ၀ လူ့တန်ဖိုးကို
လောကအမြင်ထဲ အပြည့်အ၀ရရှိမှာမလွဲပေ ။

နောက်ဆုံးတော့
အားလုံးဟာ သေဆုံးရမှာပါ ။
မပူလေနဲ့ အဲဒီတွက်တော့ .............။

အကြီးကဲက
ငယ်သူများကိုလမ်းခွဲရလိမ့်မယ် ။
မိဘက
သားသမီးကို လမ်းခွဲရလိမ့်မယ် ။
ဆရာက
တပည့်ကိုထားခဲ့ရလိမ့်မယ် ။
ခင်ပွန်းသည်က
ကြင်ယာဇနီးကို စွန့်ခဲ့ရလိမ့်မယ် ။

အဲဒီချိန်ကျရင်ဖြင့် .................။
ဘယ်မှာလဲ အာဏာ.............
ဘယ်မှာလဲ ပါဝါ....................
ဘယ်မှာလဲ ဥစ္စာ....................
ဘယ်မှာလဲ စည်းစိမ်...................
ဘယ်မှာလဲ အလှတရား............

ဒီမေးခွန်းတွေကို ဖြေချင်သပဆိုရင်ဖြင့် ။
အာဏာကို အာဏာနေရာမှာသုံး
ပါဝါကို ပါဝါနေရာမှာသုံး
ဥစ္စာကို ဥစ္စာလိုသုံး
စည်းစိမ်ကို စည်းစိမ်လိုသုံး
အလှတရားကို အလှတရား လိုပဲ လိုအပ်ရာမှာသုံး
ကိုယ့်နေရာ ကို ကိုထမ်းဆောင်
ကိုယ့်တာဝန်ကို ကိုထမ်းဆောင်
အမှောင်ဝင်လာရင်
အားလုံးလက်တွဲ ပြီး အလင်းဆောင် ။
တရားသဘောနဲ့ ပြောရရင်တော့ ..............
အားလုံးအနိစ္စပါပဲ ။
သြော်...................................................
အခုလို ခနတာ အချိန်လေးမှာ
အနိစ္စလို့ နည်းနည်းလေးသိပေးပြီး
ဒီသီတင်းကျွတ်ည လပြည့်ကို
အေးချမ်းမှု့နဲ့ ဖြတ်ကျော်ရင်း
မနက်ဖြန်အတွက်
ကိုယ်အား ဥာဏ်အား မွေးဖွားနိုင်ကြပါစေ ။


သံစဉ်.........

Saturday, 4 August 2012

jack star တွေလင်းတဲ့ည(၁)

အပြာရောင်မိုးကောင်းကင်ရဲ့ရင်ခွင်မှာ
နွေးထွေးစွာ ပွေ့ပိုက်ခံရတဲ့ jack star လေးတွေပေါ့....
ငါ့ ချစ်သူပေးတဲ့ နှလုံးသားပန်းနုလေးတွေကိုချီပွေ့လို့.......
ငါ့ ပြတင်းတံခါးမှာ လာချသွားတယ်။

နောက်ပြီးလေသံမာမာနဲ့ငါ့ကိုပြောသွားတယ်.......
ဟေ့......
ဟေ့မင်းချစ်သူပေးလိုက်တာ.....
ဒီမှာသူ့ပွင့်ချပ်တွေ .. မနွမ်းခြောက်ခင်မင်းနှလုံးသွေးနဲ့
သိုမှီးလိုက်.... နော်။
အော်.........ကျေးကျေးပါ jack star ရယ်
ချစ်သူ့တမန်တော်လေးရဲ့ စကားကိုမြေဝယ်မကျ နားထောင်ရင်း
ငါ့ချစ်သူကို ငါလွမ်းနေခဲ့တာ...........
အခုဆို ငါ့ချစ်သူတောင် မှတ်မိသေးလားမသိဘူး
ငါကတော့ ဘယ်တော့မှ မမေ့ဘူး
အဲဒီညလေးက
jack star တွေလင်းလက်တဲ့ ညလေးပေါ့။.

သံစဉ်.............

Monday, 26 March 2012

"ဘဝတိုက်ပွဲ"

မိမိဘဝ တိုးတက်ရဖို့

လောကဓံလေလှိုင်း မုန်တိုင်းထန်လည်း

ဝံရဲသတ္တိ ဇွဲရှိရှိဖြင့်


စွမ်းစွမ်းလုံးလ ဇွဲမာန်ကြွ၍

အမှားမဆက် မိုက်မဘက်ဘဲ

အသိတရား စိတ်ဝယ်ထား၍

ဘဝတိုက်ပွဲ ရင်ဆိုင်နွဲသော်

ရှေ့မှာ အောင်ပွဲ ခြိမ့်ခြိမ့်သဲတည်း

(သံစဉ် )

"မေ့မေ့သို့ အလွမ်းပြေ"

ပန်လည်မျှော်တွေး

မှန်မိသေးတယ်..

ကလေး ဘဝ ငယ်ငယ်ကပေါ့

ယုယပိုက်ထွေး အမေ မေးခဲ့

သားလေးကြီးရင် ဘာလုပ်မှာလဲ

ဒေါတ်တာကြီးလား

စစ်ဗိုလ်ကြီးလား

အင်ဂျင်နီယာလား

ကျောင်းဆရာလား

ဒါမှမဟုတ်..ဘုန်းကြီးဝတ်မှာလား

မေ့သားရဲ့ ..............

သားကြီးလာရင် သင်္ကန်းကိုစီး

စိတ်ပုတီးနှင့် ဘုန်းကြီးလုပ်မှာ

ဖြေလိုက်ပါသော် ပွေ့ကာဖက်ရမ်း

အမေနမ်းကာ လိမ္မာလိုက်တဲ့

သားလေးရယ်လို့ အမေ့မှာကား

ဟစ်သံပေးခဲ့.......

(သံစဉ်)

Wednesday, 21 March 2012

"ပညာရှိတို့ရဲ့စကား.........."


သူတော်စင် ပညာရှင်တို့

မိန့်ဟစကား တစ်ခွန်းကြားက

ပတ္တမြားဆန်းချို အဖိုးပြည်တန်

ဧကန်မုချ တစ်လုံးရသို့

နဂ္ဃဖိုးမွန် ကျိုးကဲလွန်၏

Monday, 19 March 2012

လွမ်းမျိုးထွေထွေ ပြေပါစေ...

မြင့်မိုရ်ပမာ ၊ ဖမေတ္တာနှင့်

စမ်းရေပမာ ၊ မိမေတ္တာကို


ခါခါတမ်းတ ၊ အောင်းမေ့လှလည်း


အေးရိပ်နွေခါ ၊ မွေးရပ်ရွာသို့


ရင်မှာတမ်းတ ၊လွမ်းဆွတ်လှလည်း


ဘဝရှေ့ရေး ၊ ရွာသာရေးမို့


မဆုတ်အသိ ၊ မရှိသောအား


မမှားခြေလှမ်း ၊ ခရီးကြမ်းကို


ဆက်လကှ်ု၍သာ၊ချီတက်မည်ဟု


ညင်သာချိုးနှိပ်၊လွမ်းသည့်စိတ်ကို


ကြိပ်မှိတ်ခါနေ၊ဖြေဆဲပေ



သြော်..............


ကြီးမားဂုဏ်အင်၊သွန်သင်ညွန်ပြ


သြဝါဒနှင့် ၊ကြီးစွာမေတ္တာ


စေတနာဖြင့်၊လူရာဝင်ရေး


ဘက်စုံတွေးကာ၊ ပိုက်ထွေးယုယ


ဆိုးဆုံးမ၍၊ မိဘကျေးဇူး


ဂုဏ်ပုဒ်ထူးကို၊ သားလှစိတ်မှာ


ရည်မှန်းကာဖြင့်၊ဆယ်ဖြာလက်မိုး


သားရှိခိုးသည်....


လွမ်းမျိုးထွေထွေ ပြေပါစေ....


(မေ့ဆီသို့ အလွမ်းပြေ.............)

( သံစဉ် )

" တရက်တစ်ခါ ကြုံမြဲသာ "

ကျရှုံးတိုင်းလည်း၊ မပူပန်နဲ့

လေတိုက်တိုင်းသာ ပန်းကြွေပါမူ

ဘယ်မှာ ပန်းများ ရှိမည်နည်း ...........


ရေးစားတိုင်းသာ ကမ်းပျိုပါမူ

ဘယ်မှာမြေကြီး ရှိမည်နည်း............

ကျရှုံးတိုင်းသာ ငိုရပါမူ

ဘယ်မှာမျက်ရည် ရှိမည်နည်း .........


ကျရှုံးတိုင်းလည်း မပူပင်နှင့်

အမှောင်တစ်ဝတ် အလင်းတစ်ဝတ်

တစ်ရက်တစ်ခါ ကြုံမြဲသာတည်း.............

(သံစဉ် )