Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, 6 August 2012

ဘဝရဲ့ တစ်စိတ်တဒေသ သံစဉ်လေးများ

ငါတို့လေးစား ကြည်ညို ချစ်ခင်ရတဲ့ ဆရာကြီး ဟောပြောနေကြ စကားလေး တစ်ခုရှိပါတယ် ၊ အဲ့ဒါ ဘာလဲဆိုတော့…… အတိတ်ကိုတွေး မဆွေးလေနဲ့ အတိတ်ဆိုတာ ပြန်မလာဘူး တဲ့……. မှန်ပါတယ် အတိတ်ဆိုသည်မှာ အနာဂါတ်ကို သယ်ဆောင်လို့ရကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့… ဘဝသမိုင်းစာမျက်နှာတိုင်းမှာတော့ ၊ အတိတ်တွေရှိခဲ့ကြလို့သာလျှင် ပစ္စုပ္ပန်နဲ့ အနာဂါတ်တို့ မွေးဖွား လာရခြင်း ဆိုလျှင် ပိုမှန်ကန်ပါလိမ့်မယ် ၊ အနာဂါတ်ကို ခရီးဆက်ဖို့ အတွက် အတိတ်ရဲ့ သမိုင်းစာမျက်နှာကိုတော့ ပြန်လည်ငေးမောရစမြဲပါပဲ…………………………………
အချိန်ကို နေ့စား ၊ နေ့ကို လစား ၊ လကို နှစ်စားလို့ ၊ ဘဝရဲ့ အချိန်တွေ ကုန်ဆုံးခဲ့ကြပေမဲ့ ရင်ထဲမှာတော့ ရက် ၊ လ ၊ နှစ် ၊တွေကို လွမ်းမောတမ်းတနေဆဲပါပဲ ၊ လွမ်းတဲ့ စိတ်ကို ဖြေသိပ်ဖို့ အတွက် အားအင်လျှော့နဲတဲ့ လက်တစ်စုံနဲ ဘဝ သမိုင်းစာမျက်နှာကို ၊ ပြန်လှန်ကြည့်မိသော အခါ……………………..

သမိုင်းစာမျက်နှာ(၁)

နာကျင်မှု့ ခါးသီမှု့တို့ကို မရင့်ကျတ် မတည်ငြိမ်သေးတဲ့ အချိန် ၊ လွတ်မြောက်မှု့ ဝိမုတ္တိရသကို ရှာဖွေရင်း …. ခရီဆက်ခဲ့တဲ့ ဆယ်နှစ်သားအရွယ်ကပင် မြန်မာတို့ရဲ့ ယာဉ်ကျေးမှု့ အလေးနက်ထားရာ မိရိုးဖလာ ပဗ္ဗဇ္ဇ မင်္ဂလာခေါ်တဲ့ ရှင်သာမဏေဘဝလေးကိုဘဲနှစ်ခြိုတ် ပျော်မွေ့ရင်း ….. ခရီဆက်ခဲ့ရပါတယ် ။ မြန်မာတို့ အားကိုအားထားပြုရာ မွန်မြတ်တဲ့ ဖန်ဝါဆင်မြန်း ဝတ်သင်္ကန်းလေးကို ဝတ်ရုံရင်းဘဲ မရပ် မနား အားလပ်ချိန်များကို ကူးခတ်ရင်း ….
ရှင်သာမဏေတို့ရဲ့ ယဉ်ကျေးမှု့ ခေါ်တဲ့ ရှင်ကျင့်ဝတ်နှင့် ၊ ပရိတ်ကြီး (၁၁) သုတ် ၊ ဘုရားရှိခိုး အမျိုးမျိုး နဲ့ မေတ္တာပို့နည်း အသီးသီးကို ၊ မော နေအောင် ကျက်ခဲ့ရတယ် ၊ ရက် ၊ လ ၊တို့ တိုက်စားရာ အချိန်နည်းငယ် ကြာလာတာနဲ့အမျှ ဆရာသမား၏ အားပေး မြှောက်စားမှု့ အောက်မှာ ကျင်လည်ရင်း ……..
သင်္ကန်းကိုစီး စိတ်ပုတီးနှင့် ဘုန်းကြီး ဘဝဟာ သဒ္ဒါမတတ်ရင် စာမတတ်တော့ဘူး ဟူသော ဆရာဘုန်းကြီးရဲ့ သွန်သင်ညွန်ပြမှု့ကို လေ့လာသိရှိခဲ့ရပြန်တော့လည်း ၊ မာနကိုလိုချင် မာန်ဟုန်ကို ရှေ့တန်းတင်ချင်တဲ့ ကလေးဘဝမို့ သဒ္ဒါစာ အုပ်ကိုထုပ် ၊ ပါးစပ်က အမြုတ်စီအောင် ၊ သုတ်စဉ် သုတ်နက် ၊ သဂြို င်္လ်ပါဌ် အနက်များကိုလည်း ၊ ကျေညတ်အောင် တတွတ်တွတ်ကျက်ရပြန်ပြီ ၊ သုတ်စဉ်၊ သုတ်နတ် နှင့် သင်္ဂြိုလ်လေး အနည်းငယ်ရရင်တော့ စာသင်တိုက်ပို့သွားရမယ် ဆိုတဲ့ ဆရာသမားရဲ့ အားပေးမှု့ကြောင့် ပညာရေး အိမ်မတ်ကို နောက်ထပ်တစ်ခါ လင်းလက်ခဲ့ရပြန်ပါတယ် ဒီလိုနဲ့ဘဲ ဆရာသမားရဲ့ ၊ မြှောက်စားမှု့ ခြောက်ထားမှု့တွေရဲ့ အောက်မှာ အငိုတစ်လှည့်၊ အပြုံး တလှည့်နဲ့ ဘဝဇာတ်ခုံပေါ်မှာ ၊ ဇာတ်ဆရာရဲ့ အလိုကျ ကြိုးဆွဲရာ ကရင်း ခုန်းရင်း ခရီဆက်ခဲ့တာကတော့ မသေချာမရေရာတဲ့ မနက်ဖန်ဆိုတဲ့ အိမ်မတ်တွေရဲ့ကြားမှာ အားတက်လိုက် ဆုတ်နစ်လိုက်နဲ့ ဖြတ်သန်းကူးခတ်ခဲ့ရပါတယ် ။
ဒီကြားထဲ …..
ပျော်စရာတွေကို အဆက် မပြတ် ပေးဆပ်လေ့ရှိတဲ့ တို့ရွာနောက်က
ချစ်စရာ ဧရာဝတီရဲ့ ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ ဆော့ကစားရင်း
လှိုင်ခက်သံတွေရဲ့ကြားထဲမှာ ကြီးပျင်းလာရတဲ့ ဧရာဝတီသားလေးကို
ချစ်တတ် ခင်တတ် လွမ်းတတ် အောင် ၊ သင်ပေးခဲ့တဲ့ ချစ်စရာ
ဧရာဝတီကိုလည်း လွမ်းမောနေရပြန်ပါတယ်……………

အရာရာကို ခွဲခြားစိတ်ဖြာနိုင်ခြင်း မရှိသေးတဲ့ ၊ ကလေးတစ်ယောက်မို့ အနာဂါတ်လမ်းက မပီဝိုးတဝါး၊
ကျန်မာရေး ဂရုစိုက် ၊ စာကြိုးစားသင် ၊ လိမ်လိမ် မာမာနေ ၊ ဆိုတဲ့ ကျေးဇူးရှင် မိခင် ဖခင် ဆရာ သမားတို့ရဲ့ ၊ ပဲ့တင်ထပ်မျှ ဆိုဆုံးမတဲ့ စကားသံတွေဟာလည်း ၊ဝှေ့ဝဲချင်သည့်မျက်ရည်များကြားက
ကြားတချက် မကြားတချက်နဲ့ ၊ ချစ်စရာ ဧရာဝတီရဲ့ လှိုင်ခက်သံတွေကို လက်ပြနုတ်ဆက်၊ ယုံကြည်ချက် ၊ မီးလျှံတို့၏ ၊ မောင်းနှင်းအားဖြင့် ပညာသင် ခရီးကို စခဲ့လေသည် ။

သမိုင်းစာမျက်နှာ (၂)

ဒီလိုနဲ့ မဟာရန်ကုန်မြို့ရဲ့ ၊ လူတန်းစားပေါင်းစုံ ကျင်လည် ကျက်စားရာ မြို့ပြအလှကို ခံစားရင်း သဘာဝရဲ့ အလှတရားတွေကို ဗဟိုပြုပြီး ၊ ဧရာဝတီသားလေး ပထမဆုံး ကျင်လည်ခဲ့တာကတော့…
တစ်ချိန်က ရာဇဝင်တွင်ခဲ့ဘူးတဲ့ ၊ ငမိုးရိပ်ချောင်းရဲ့ ကန်မဖူးက ၊ မင်းနန္ဒာစာသင်တိုက်တဲ့ ၊
ရောမရောက်ရင် ၊ ရောမလိုကျင့် ၊ ဆိုတဲ့ ဆိုရိုးစကားနှင့် အညီ သဘာဝကို မလွန်ဆန်နိုင်တဲ့ လူသားတို့ သဘာဝအတိုင်း ………
စာသင်တိုက်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ကျင့်သုံး ၊ ဝတ္တရားတွေကို ကျေပွန်စွာ ဆောင်ရွတ် ၊ အသိတရား တချို့တဝက်ကို သင်ယူ ၊ ဘဝရဲ့ နိဒါန်း သမိုင်း စာမျက်နာကို လှန်လှော်ရင်းဖြင့် ၊
ဘဝရဲ့ ခရီးကြမ်းကို ပထမဆုံးခြေလှမ်းတွေနဲ့ ၊ လျှောက်လှမ်းခဲ့ ရပါတယ် ၊ ရှေ့ရေစက်ကြောင့် ၊
ခင်မင်ရင်းနှီးခဲ့ရတဲ့ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ၊ စာသင် စာကျက် ဘုရားဝတ်တက် ၊
အစရှိတဲ့ စာသင်တိုက်ရဲ့ ၊ ထုံးစံ အမျိုးမျိုးကို ၊ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ၊ လိုက်နာ
ဆောက်ရွတ် အဖက်ဖက်မှ မပျက်ကွပ်ရလေအောင် ထမ်းဆောင်ရင်း ၊ အငိုတစ်လှည့် ၊ အပြုံးတစ်လှည့် နဲ့ ၊ လောကဓံရဲ့ စေညွန်ရာ ဒုက္ခမျိုးစုံကို ၊ ဘဝတူ သူငယ်ချင်းတို့ ၊
အေးတူ ပူအမျှ မျှဝေခံစား ၊ အသိတရားတွေဖလှယ် ရင့်ကျက်စ အရွယ်သို့ ၊ ရောက်ကြရပြန်တော့လည်း ၊ နှစ် လ တွေပြောင်းလို့ နှစ် နှစ်ကျော် သုံးနှစ်တောင် နှောင်းခဲ့ပါပြိ ၊
ဒီလိုနဲ့ဘဲ….
လောကဇာတ်ခုံပေါ်မှာ ဘဝသရုပ်ကို ထုပ်ဖော်ဘို့အတွက် အနာဂါတ်ရဲ့ လမ်းစကို ကိုယ်စီ ကိုယ်စီ ရှာဖွေဘို့ အတွက် ၊ ဆုံးဖြတ်ချက် ကိုယ်စီချခဲ့ကြတဲ့နေ့ဟာ ( ၇ . ၁၁ . ၁၉၉၉ ) ။
လူထွက်တဲ့ သူကထွက် တနယ်တကျေး ရောက်တဲ့ သူကရောက် ၊ ဒီဇင်ဘာ ညရဲ့ အဖြူရောင် မြူနှင်းများ အောက်မှာ ၊ မရေရာ မသေချာတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်ဆောင်ရင်း ရောင်ချာချာ ကျန်ခဲ့တဲ့ သူက… ကိုယ်တစ်ယောက်ထဲ ………..
လမ်းပျောက်လို့ လမ်းစရှာဖို့ အတွက် ကြိုးစားနေချိန် ၊ ခေါင်းထဲက အတွေး အပိုင်းစများနဲ့ ရောထွေးလျှက်ပါလာတဲ့ ခေါ်သံတစ်ချို့က ၊
…ငါ့ညီ နေ့လည်က ငါ့ညီမရှိလို့ ငါယူထားလိုက်တာ ၊ စာတစ်ဆောင်ရောက်လာတယ် ရော့ ဆိုပြီး ၊
နောင်တော်တစ်ပါးက လာပေးပါတယ်၊ ဒါနဲ့ ကမန်းကတမ်း ၊ ကောက်ဖွင့် ကြည့်တော့ အနာဂါတ် လမ်းခရီးကို စတင်မွေးထုပ်ပေးခဲ့သူက …….မာတာမိခင် ကျေးဇူးရှင် ………

“ သို့ …..သားလေး ကျမ်းမာရေးကောင်းရဲ့လား ၊ စာတွေရော လိုက်နိုင်ရဲ့လား ၊ ဘာလိုသေးလဲ ငါ့သားလေး လိုတာရှိရင် အမေ့ကိုပြော ၊ အမေ မရှိ ရှိတာ ရှာကြံပေးမယ် ၊
ငါ့သားလေးသာ ဒီဘဝမှာ ပျော်တယ်ဆိုရင် အမေသေပျော်ပါပြီ သားလေးရယ် ၊
သားလေး မှတ်ထားပါ လု့ဘဝဆိုတာဟာ ရခဲတယ် သားလေးရဲ့ ၊ အဲ့ဒိလို ရခဲတဲ့ ဘဝမှာ မြင့်မြတ်တဲ့ အလုပ်အကိုင်လုပ်နိုင်တဲ့ သူက ၊ တကယ့် အာဇာနည်းဘဲ သားရဲ့ ၊ သားလေးရဲ့ အဘိုးကလည်း မှာလိုက်သေးတယ် ..သူမသေခင် ငါ့သားလေး ဘုန်းကြီးဝတ်နေတာကို မြင်ချင်သေးတယ်တဲ့ ၊ ငါ့သားလေးလဲ စာကျက် စာအံ့နဲ့ နေ့စဉ်လုပ်နေရတယ်ဆိုတော့ ၊ တော်တော်ပင်ပန်းနေမှာဘဲနော် ၊
သားလေး ပင်ပန်းတယ်ဆိုတာကို အမေသိလို့ ငါ့သားလေး အားရှိတဲ့ အစား အစာတွေ ဝယ်စားဘို့ အတွက် .. အမေစုထားတဲ့ ငွေတစ်သောင်းကို သားလေး သုံးဘို့ထည့်ပေးလိုက်ပါတယ် .. သားလေး သုံးပါ ၊ အမေ့မှာ ပိုက်ဆံမရှိပေမဲ့ သားရှိရင် အမေ အားရှိပါတယ် ၊ သားပျော်ရင် အမေလည်း ပျော်တယ် ”
ဆိုတဲ့ မေမေရေးပို့လိုက်တဲ့ စာရွတ်ပေါ်မှာ ၊ မိုးပေါက်အလား တစ်ပျောက်ပျောက်ကျခဲ့ရတဲ့ မျက်ရည်တို့ရဲ့ ဦးတည်ရာကတော့…..ရွှေမန္တလာရဲ့ ဒုတိယ ပညာသင် ခရီး ……

သမိုင်းစာမျက်နှာ ( ၃ )

ဟန်ဆောင်မှု့ ၊ လိင်ညာမှု့ ကင်းတဲ့ ရွှေမန္တလာမှာ အခြေချခဲ့တဲ့နေ့ဟာ ( ၁၂ . ၃ .၂၀၀၀ ) ခုနှစ် ။
စာသင်တိုက်ကြီး တိုက်ငယ် အသွယ်သွယ်နှင့် ကျင်လည် ကျက်စား ၊ ရွှေမန္တလာမြေရဲ့ နေ့ရက်များကို ခတ်ခဲစွာ ကျော်ဖြတ် ၊ အနတ်တေး ၊ အနတ်ကျက် ၊ ပုဒ် ၊ ပါဌ် ၊ ရုပ် ၊ ဓါတ် ၊ ပစ္စည်း ပစ္စယတ် တို့၏ ၊
သဘောတရားများကို သင်ယူ ၊ စိတ်ရှုပ် စေတသိတ်ရှုပ် ၊ ရုပ် သရုပ် တို့၏ အဘိဓမ္မာသဘောတရားကို ရှာဖွေ ၊ ပညာထူးမြတ်တော်မူကြသော ဆရာမြတ်တို့၏ ၊ မီးမှောင်းထိုးပြတဲ့ ၊ စေတနာလမ်းကြောင်းအောက်မှာ ၊ အသိ စိတ် ဓါတ်တို့ မရင့်ကျက်သေးချိန် ဆိုတော့လည်း ……..
ဖြောင့်တန်းလိုက် ကောက်ကွေ့လိုက်နဲ့ဘဲ ၊ အဆင့်မြင့် ပိဋိက ပင်လယ်ထဲ နှစ်ပေါင်းမှားစွာ
ကူးခတ်ရင်း …. ရသင့် ရထိုက်တဲ့ ဆုလာဘ် များကို ၊ ကိုင်ဆောင်ပြီးချိန် ..
အသိ စိတ်ဓါတ်တို့ ရင်ကျက်စ အရွယ်မှာတော့ မျိုးဆက်သစ်ရှင်ငယ် ရဟန်းငယ်တို့ နောက်ပြန်မလှည့်သာသော .. ဥပသမ္ပဒ လမ်းကြောင်းပေါ်သို့ တက်လှမ်းခဲ့ရပါတယ် ….

( ဆက်လက်ဖော်ပြပါဦးမည် )
သံစဉ် ….

Sunday, 5 August 2012

ဘုရားဂုဏ်တော်(၉)ပါး

ဘုရားဂုဏ်တော်-၉-ပါး

အရဟံဂုဏ်တော်ဖွင့်၊ ကျက်မှတ်ရန်

၁။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ်ထောင့်ငါးရာ ကိလေသာတို့ ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့် လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၂။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သဗ္ဗဉ်ဥာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ ၀ိကာရနှင့် လက္ခဏ ပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဥေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့် လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည် တကား။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၃။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- သုံးပါး ရှစ်ပါး ၂ မျိုးအားဖြင့် ဟောထားပညာ ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ် အမြိုက် ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် အကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သုဂတဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၎။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ ထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံပြည့်ညီလျက် သုံးလီဘ၀ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗဉ်ဥာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

လောက၀ိဒူဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၅။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း လောက၀ိဒူ-လောက၀ိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော် မူပါပေသည်တကား။

အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၆။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန် သတ္တ၀ါမှန်သော် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ အောက်အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရော ပုရိသဒမ္မသာရထိ- အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင် ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သတ္တာ ဒေ၀မနုဿာနံ ဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၇။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္ထ၀ါဟော်၊ ကုန်သည်ကျော်သည်၊ ဖော်လှော်ငယ်သား၊ နောက်ပါများကို၊ ရေရှား ဘေးခ၊ ကန္တာရမှ၊ ခေမမြေငူ၊ ထုတ်ကယ်ယူသို့၊ ထို့တူတစိ၊ ခဲယဉ်းဘိသည့်၊ ဇာတိဇရာ၊ မရဏာဟု၊ ကန္တာရကြမ်း၊ ခရီးလမ်းမှ ရွှေနန်းမြေငူ၊ ပြည်နိဗ္ဗူသို့၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါတို့၊ ကောင်းစွာဆောင်ယူ၊ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာ ဒေ၀မနုဿနံ - သတ္ထာ ဒေ၀မနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဗုဒ္ဓဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၈။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခ သမုဒယ၊ နိရောဓနှင့် မဂ္ဂမည်သာ၊ လေးသစ္စာကို ဦးစွာပိုင်ပိုင်၊ သိမြင်နိုင်၍၊ သုံးဆိုင်ဝေနေ၊ များဗိုလ်ခြေကို၊ မသွေအတူ၊ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဘဂ၀ါဂုဏ်တော်ဖွင့် ကျက်မှတ်ရန်
၉။ သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော "အဏိမာ" ဘုန်းတော်...
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန်၊ ဈာန်ပျံကြွသွားနိုင်သော "လဃိမာ" ဘုန်းတော် ...
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား၊ မနှိုင်းအားဖို့၊ ကြီးမားလေအောင်၊ ရုပ်ဆောင် ဖန်ဆင်းနိုင်သော "မဟိမာ" ဘုန်းတော်...
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တခဏလောက်ဖြင့် ကြွရောက်နိုင်သော "ပတ္တိ" ဘုန်းတော်....
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တခဏတည်းဖြင့် ပြီးစီးနိုင်သာ "ပါကမ္မ" ဘုန်းတော်...
ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း၊ လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုး နိုင်သော "ဤသိတာ" ဘုန်းတော်...
သမာပတ်ဈာန်၊ အဘိညာဏ်ကို၊ ၀င်စံလိုက၊ တခဏချင်းပိုင်၊ ၀င်စားနိုင်သော "၀သိတာ" ဘုန်းတော်...
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော်၊ ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော "ယတ္ထကာမာ ၀သာယိတာ" ဘုန်းတော်...
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ "ဣဿရိယ" ဘုန်းတော်....
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတရား ဟူသော "ဓမ္မ" ဘုန်းတော် ...
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့ထင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော "ယသ" ဘုန်းတော်...
ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ၊ ကျက်သရေ မင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော "သိရီ" ဘုန်းတော်....
အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် "ကာမ" ဘုန်းတော်....
တလောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော "ပယတ္တ" ဘုန်းတော်....
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင့်ကြောင့်လည်း၊ ဘဂ၀ါ-ဘဂ၀ါ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။( အဆင်မပြေရင်ပြန်ပြောနော်)

ဗုဒ္ဓဘာသာဝင် လူတိုင်းမှာ သဒ္ဓါတရားရှိဖို့ အရေးကြီးပါတယ်....ဒီတော့ သဒ္ဓါတရား
ဆိုတာ မြတ်ဗုဒ္ဓရဲ့  ဂုဏ်တော်တွေကို ယုံကြည်ခြင်း.....ကံတရားနှင့် ထိုကံတရား၏
အကျိုးတွေကို ယုံကြည်ခြင်းတွေပါ ပဲ.......သဒ္ဓါတရား ရှိမှ အရာရာကို အောင်မြင်နိုင်
မှာပါ ..အထူးသဖြင့် မဂ် ဖိုလ် ရဖို့ပေါ့........

ပညာရှိတွေက လူ့ဘ၀ခန္ဓာကိုယ်ကြီးကို ..တရားရဖို့ အတွက်..အကျိုးရှိရှိသုံးတတ်ကြပြီး
ပညာမဲ့ သူတွေကတော့ လူ့ဘ၀ခန္ဓာကိုယ်ကြီးကို ကာမဂုဏ်စည်းစိမ်တွေခံစားဖို့...
များများ အသုံးချကြပါတယ်...........................။ ။

သံစဉ်.........

လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ...

မုံရွာမြို့အနီး၊ ဆားထုံးရွာနေ၊ တပည့် မောင် ရောင်နီသို့ ရေးပေးသော ပိဋကတ်အစွယ်ချိုးတေးထပ် ။

တပိုင်းကြောင် ကျက်စာရရုံနှင့် ၊ ခက်ပါလှ သဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွါး၊ စောဒကတုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား၊
ဘုရားဟော မြတ်ဓမ္မခန်ကို၊ တတ်လေဟန်ယောင်ဝါး၊ ပရမတ်ပြန် အကြောင်းသမားတွေတို့၊ ထောင်လွှားကြ သူ့ထက်ငါ၊ အသိဥာဏ် တစ်ထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။
ပရိသတ် ထောမနာအောင်၊ စောဒနာ-ဥာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်းမရှောင်၊ ငြင်းကြလူ့ဘောင်၊ ပိဋကတ် အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။


အလွန်ကောင်းတဲ့ တေးထပ်ပါ၊ ဆရာတော်ကြီးသည် သူ့တပည့်များကို တေးထပ်တို့ လင်္ကာတို့နှင့် အစဉ်မြဲ ဆုံးမလေ့ရှိပါတယ်၊ ဒီတေးထပ်ကတော့ သူ့တပည့်မောင်ရောင်နီကို ဆုံးမခဲ့တာပေါ့ ဒါပေမယ့်လဲ ဒီတေးထပ်ကို ဖတ်ရသူ ကျွနုပ်တို့ အဖို့ရာမှာ ဆင်ခြင်စရာတွေ ရရှိပါတယ်၊ ဘယ်လိုလဲ ဆိုတော့ တိုတိုလေးပြောရင်တော့ မာန မကြီးကြနဲ့ မာနကြီးရင် အပါယ်ရောက်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ၊ ဒီမာနကြီးတယ်ဆိုတာကို ခေတ်ဝေါဟာရအနေနဲ့ပြောရရင်တော့ ““ဘ၀င်မြင့်တယ်ပေါ့”” ဘယ်နေရာမှာ ဘာလို့ ဘ၀င်တွေက မြင့်ရမှာလဲ ပေါ့ ၊ ဒါပေမယ့် လူဆိုတာက ကိုယ်က ရုပ်လှ ရင် အဲဒီကိုယ့်ရုပ်ကို စွဲလန်းတဲ့ စိတ်က နေအခြေခံပြီး ဖြစ်ပေါ်လာတဲ့ မာန ပေါ့ ဘ၀င်မြင့်တယ်ပေါ့ ၊ ပညာတတ်ရင် ထိုပညာကို စွဲပြီး ဘ၀င်မြင့်တယ်ပေါ့ နောက်ပြီး စည်းစိမ်ချမ်းသာရင် ထိုစည်းစိမ်ကို စွဲပြီးတော့ ဘ၀င်မြင့်တယ်ပေါ့ နော် ဒီတော့ လူတော်တော်များများကတော့ ဒီလိုပဲ ဘ၀င်မြင့်တာပါပဲနော် အများကို သိမ်းကျုံပြိးတော့ ပြောတာတော့ မဟုတ်ပါဘူး ဒီလို ဘ၀င်မြင့် စိတ်ကြီးဝင်သူတွေကိုပဲ ရည်ရွယ်ပါတယ်၊ ဒီတော့ အဲဒီ ဘ၀င်မြင့်တဲ့စိတ်ကြောင့်ဘာတွေဖြစ်လာသလဲ ဆိုရင် အဲဒီသူဟာ ကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကျေးဇူးရှင်မိဘများကိုတောင် မထေမဲ့မြင်ပြုတတ်ကြတယ်၊ မိဘကိုတောင်ဒီလိုဖြစ်ရင် တစ်ခြားသူကိုပြောစရာမလိုတော့ဘူး နော် ခု ဒီ တေးထပ်မှာက ဦးရောင်နီ ဆိုသူ က စာနဲ့ ပေနဲ့ ပတ်သတ်ပြီး
မောက်မာနေလို့ ဆရာတော်က ဆုံးမရတယ်လို့ ယူဆရတယ် ။ ဒီတော့ ကိုယ်က ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ တတ်တတ် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘယ်လောက်ပဲ ရုပ်ချောချော ကိုယ့်ထက်နိမ့်ပါးသူတွေအပေါ်မှာ ညှာတဲ့ စိတ်ကလေး ထားတတ်ဖို့ ရာအင်မတန်အရေးကြီးလှပါတယ် ။ ကိုယ့်ထက်တော်သူ တတ်သူ ချမ်းသာသူတွေ ကိုယ့်ကို နှိမ်ပြီး ဆက်ဆံတာကိုခံရရင် ဘယ်လိုနေလဲ လို့တွေးကြည့်ပေါ့၊ နော် ၊ ဒီတော့ ဘယ်နေရာ မှာ ဘယ်သူနဲ့ဆက်ဆံ ဆက်ဆံ ကိုဘက်က သူများကြားလို့ကောင်းမဲ့
စကားချိုချို ပြောနိုင်အောင်၊ သူများမြင်လို့ ကောင်းမဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ၊
ကိုယ့်စိတ်တွေကို ဖြူစင်သန့်ရှင်းစေမဲ့ အတွေးကောင်းကောင်းတွေးနိုင်အောင် အထက်လူကြီးနဲ့ မိဘ ဆရာများ ရဲ့ ချစ်ခင်လေးစားမှုကိုရအောင်တော့
အတတ်နိုင်ဆုံးကိုယ့်မာနကို ကိုယ်တိုင် ချိုးနှိမ်နိုင်ရင်တော့ အကောင်းဆုံးလို့ သတင်းစကားပါးရင်း


သံစဉ်...

Saturday, 4 August 2012

မျိုးဆက်သစ်သို့

မထင်မှတ်ပဲဖြစ်ပေါ်ခဲ့တဲ့ စကားဝိုင်းလေး တစ်ခု ဆီမှ စကားလုံးများကို ဦးဇင်းအပါဝင် တခြားမိတ်ဆွေများကိုလဲ သိစေချင်တဲ့ စေတနာလေးက ရင်ထဲကို တိုးဝင် ဖြစ်ပေါ်လာခဲ့တာကြောင့်မို့လို့
ဒီ မျိုးဆက်သစ်သို့ လို့ နာမည်လေးပေးပြီး ဆောင်းပါးလေးတစ်ပုဒ်ဖြစ်အောင် ကြိုးစားခဲ့တာပါ၊
စကားဝိုင်းလေးဖြစ်ပေါ်လာဖို့ အတွက် အဓိက ဇာတ်ဆောင်ကတော့ ဦးဇင်းကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့တဲ့
ဦးဇင်းရဲ့ နော်တော် Dr.အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) ပေါ့၊ သူ့ကိုပင့်ဖိတ်ထားတဲ့ ဒကာများရဲ့အိမ်ဂေဟာနန်းသို့ ဦးဇင်းကိုပါ ဖိတ်ခေါ်ခဲ့တာပေါ့…. စံပြဈေးကြီး နားက ရပ်ကွက်လေးတစ်ခုမှာပါ အဲဒီနေ့က ဆွမ်းစားလို့ လဲ အလွန်ကောင်းခဲ့ပါတယ် ၊ ဆွမ်းစားပြီး မုန့်ဖက်ထုပ်တွေကိုတောင် ပြည့်ဝနေတဲ့ ဗိုက်က လက်မခံတော့ တဲ့ကြားထဲက ပါးစပ်က စားချင်လွန်းလို့
ကိုယ့်ဗိုက်ကို ကိုယ် တောင်းတောင်းပန်ပန်နဲ့ စားခဲ့လေရဲ့၊ အဲဒီနေ့က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်
ကညင်ကုန်းကျေးရွာမှ အခြေခံပညာ ကျောင်းမှာ ပညာသင်ယူနေကြတဲ့ အနာဂတ်ကြယ်ပွင့် ငယ်လေးများထဲမှ ဆင်းရဲ ရှားပါးတဲ့ ကလေးငယ်များအတွက် အရှင်ဝိမလဝံသရဲ့ ဒကာမတစ်ဦးမှ လှူဒါန်းတဲ့ ကျောင်းဝတ်စုံလေးတွေကို နော်တော်ကြီးက လက်ခံပြီး သူကိုယ်တိုင်လဲ အလှူငွေပါဝင်ကာ
ကုသိုလ်ပွဲလေးတစ်ခုကို အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်၊ ထိုနေ့က ကညင်ကုန်းကျေးရွာမှ ဒကာကြီးတစ်ယောက် ပါတယ် ၊ နောက်ပြီး စကားဝိုင်းလေးရဲ့ အဓိက လူဖြစ်တဲ့ အတွက် ကြောင့်မို့ ဆရာဦးသောင်းထွဋ် ကိုတော့ ဒီနေရာမှာ ဂုရု ဆိုတဲ့ ဝေါဟာရနဲ့ တင်စားပြီး ပြောချင်ပါတယ်၊ နော်တော် Dr.ဝိမလဝံသက အိန္ဒိယ မှ ခနပြန်ရောက်လာတယ်ဆိုပေမယ့် ၊ ကညင်းကုန်းကျေးရွာ မှာ တစ်ရွာလုံးမီးရရှိဖို့ အတွက် မီးစက်ကြီး တစ်လုံးကို ဒကာဒကာမများနဲ့ စုပေါင်းလှူဒါန်းဖြစ်ခဲ့ ပါတယ်၊ ထိုမီးစက်ကြီးရေစက်ချ လှူဒါန်းပွဲကိုလဲ ပါရမီဖြည့်တဲ့ အနေနဲ့ နောက်ပါ ပစ္ဆာသမဏအဖြစ် ဦးဇင်းတို့ က လိုက်ပါဆောင်ရွက်ပေးခဲ့ ပါတယ်၊ အဲဒီ ကိစ္စကနေစပြီး စကားဝိုင်းလေးကို စတင်စေခဲ့တာပေါ့ ပြောခဲ့ကြတာကတော့ အများသားဗျ ဒါပေမယ့် အလွန်သဘောကျပြီး နှစ်ခြိုက်မိတဲ့ စကားလေးများကို ပြန်ပြောပါဆိုရင်တော့ … မျိုးဆက်သစ်လူငယ်များရဲ့ အနာဂတ်လှပဖို့ ခု ဒီစကားဝိုင်းမှာ ထိုင်နေကြတဲ့ သူအားလုံးက တာဝန်သိစွာ
ဘယ်လို ဆောင်ရွက်ရမယ် ဘယ်လိုစိတ်ဓာတ်တွေမွေးမြူပေးရမယ်ဆိုတဲ့ စကားလေးတွေပါပဲ၊ ဦးဇင်းတို့က
ဘုန်းကြီး ဖြစ်နေတာတော့ မှန်ပါရဲ့ ဒါပေမယ့် တစ်ခါ တစ်ရံမှာ လူပညာရှိတွေနဲ့ကြုံတွေ့တဲ့အခါ ဦးဇင်းတို့က အာရုံစိုက်နားထောင်ကြရပါတယ်၊
လူမှာအမျိုး ကြက်မှာအရိုး ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ ၊ မျိုးရိုးဆိုတာမတိန်ကောနိုင်ပါဘူး
လူတော်တစ်ယောက်မွေးဖွားပေးနိုင်တဲ့ လူ့အသိုင်းဝိုင်း၊ ထိုလူနေထိုင်တဲ့ မြို့ နှင့် နိုင်ငံ မှာ ထိုလူရဲ့ ကောင်းကျိုးပြုလုပ်ငန်းတွေရဲ့ အကျိုးဆက်ကောင်းတွေကို ခံစားကြရ ပါတယ်၊ အခြေခံစိတ်ဓာတ်ကောင်းမြတ်တဲ့ သူတွေရဲ့ အောင်မြင်မှုဟာ အများအတွက် တကယ်အကျိုးရှိပါတယ်၊
လက်ရှိဦးဇင်းတို့ တွေ့ကြုံနေရတဲ့ လူ့ပတ်ဝန်းကျင်မှာ အများအတွက် အကျိုးပြုနိုင်တဲ့လူတော်တွေ
လူကောင်းတွေ အများကြီး မွေးဖွားလာဖို့ မျှော်လင့်ပါတယ်၊ ရှေးကလူပညာရှိ ရဟန်းပညာရှိများရဲ့
ပညာနို့ရည်တွေ သောက်စို့ သုံးဆောင်နိုင်ခဲ့ ကြတဲ့ ယနေ့ လူတော်လူကောင်းများဟာ အတ္တဟိတ
ပရဟိတ နှစ်ပါးလုံးကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြတာဟာ ဝမ်းသာစရာပါ
လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ မှာ အေးချမ်းစွာနေထိုင်နိုင်ပြီး သာယာတဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ဖို့
လူငယ်များရဲ့ ပညာရေး နဲ့ ယဉ်ကျေးမှုဟာ လဲ အင်မတန်အရေးကြီးပါတယ်၊ ပညာရေးကောင်းမွန်မှ
ယဉ်ကျေးမှုနဲ့ တခြားစီးပွားရေးစတဲ့ အရေးပေါင်းများစွာကို အကောင်းဆုံးဖန်တီးနိုင်မှာပေါ့၊
ဦးဇင်းတို့ရဲ့ အဲဒီစကားဝိုင်းလေးမှာ ဂုရုကြီးက တော့ ပြောတယ်ဗျ၊…
အရှင်ဘုရားတို့ဟာ တပည့်တော်တို့ ရဲ့ မျိုးဆက်သစ်တွေပါပဲ ရိုသေစွာ လျှောက်ထား ချင်ပါတယ်၊
အရှင်ဘုရားတို့ ဟာ သာသနာအတွက် ဘာသာအတွက် လူမျိုးအတွက် နိုင်ငံအတွက် သားကောင်းတစ်ယောက် ဖြစ်လာဖို့ကိုလဲ မျှော်လင့် ချင်ပါတယ်၊ နောက်ပြီး အရှင်ဘုရားတို့ မွေးထုတ်ပေးမယ့် ကိုရင် ငယ်များနှင့် ကျောင်းသားများ ထဲမှာမှ လူတော်လူကောင်း အာဇာနည်တစ်ယောက် ပေါ်ထွက်ခဲ့ မယ်ဆိုရင် ပဲ ကြိုးစားရကျိုးနပ်ပါတယ်ဆိုတာကို သူပြောပြပါတယ်၊
ထွန်းထွန်းကားကား၊ ယောက်ျားတစ်ဆူ။
ထိုသသူကား၊ လူ၌သော်လည်းရနိုင်ခဲ့၏၊
ကြောင်းကျိုးစစ်၍၊ ကျိုးပြစ်ရှုမျော်သိမြင်ပါမူ၊
လေးဖော်မျိုးစစ်၊ မှီရာဖြစ်လိမ့်………..။ ရှေးသူတော်ကောင်းများရဲ့ အဆိုအမိန့်များဟာအင်မတန်
မှတ်သားစရာကောင်းလှပါတယ်၊ ထွန်းကားတောက်ပြောင်တဲ့ လူတစ်ယောက်ကို အမျိုးတစ်ခုမှ
မွေးဖွားပေးနိုင်ခဲ့မယ်ဆိုရင် လေးပါးသောအမျိုးတို့ မှီရာဖြစ်တယ်ဆိုတာကို ရည်ညွှန်းထားတဲ့ ကဗျာလေးပါ
ဒီစကားလုံးတွေကို မြတ်စွာဘုရားရှင်ဟောကြားထားခဲ့တာရှိပါတယ်၊
ညောင်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်း နားခိုနိုင်တယ် ဆိုတဲ့ စကားပုံတွေလဲ အထင်အရှားရှိနေတယ်မဟုတ်လား၊ ဒါကြောင့်မို့ အနာဂါတ်မျိုးဆက်သစ်တွေကို လူတော်တွေအနေနဲ့ မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားဖို့ တာဝန်ဟာ ယနေ့ ရှင်သန်နေကြတဲ့ ပစ္စုပ္ပန်လူတော်တွေမှာ ဝတ္တရား ရှိတယ်ဆိုတာကို ပြောချင်ပါတယ်၊ နောက်ပြီးတော့ အဲဒီစကားဝိုင်းလေးမှာ ဂုရုကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းတစ်စိတ်တစ်ဒေသကိုလဲ ပြောပြခဲ့လေရဲ့၊ ငယ်ငယ်တုန်းက ခက်ခဲတဲ့ လောကဓံတွေကို ကျော်လွှား ရုန်းကန်ကြိုးစားပြီး နေခဲ့ရတယ်ဆိုတာတွေပေါ့ ၊ ယနေ့ အောင်မြင်ကျော်ကြားတဲ့ လူတော်တွေ အများစုဟာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်းခဲ့ရတယ်ဆိုတာကို
ဦးဇင်းတို့ မိတ်ဆွေများလဲ တော်တော်လေးသိပြီးသားဖြစ်မှာပါနော်…… တစ်ခါတစ်လေမှာ ကိုယ်တိုင်က
လူတော်မဖြစ်ခဲ့ရင်တောင်မှ လူတော်တွေဖြစ်ဖို့ အထောက်အပန့်ပေးနိုင်ခဲ့မယ်ဆိုရင်လဲ ဒါဟာ ကျေနပ်စရာ
ရလဒ်တစ်ခုပါ၊ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ခဲ့ ရင်တောင်မှ နောက်လိုက်ကောင်းတော့ ဖြစ်ကြဖို့ လိုပါတယ်၊ ဆရာကောင်းတစ်ယောက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် တပည့်ကောင်းတစ်ယောက်ဖြစ် ဖို့ အရင်ကြိုးစားရပါလိမ့်မယ်၊ တပည့်ကောင်းတစ်ယောက်ဆိုတာ
ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မျိုးဆက်သစ်ပါပဲ၊ နောက်လိုက်ကောင်းတစ်ယောက်ဆိုတာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ မျိုးဆက်သစ်ပါပဲ၊ နောက်ပြီး ယနေ့ အသက် ၃ဝ အတွင်းမှာ
ဖြစ်တည်နေကြတဲ့ ဦးဇင်းတို့လို လူငယ်များအတွက် (တဘောင်) လို့ခေါ်တဲ့ ရှေးစကားတွေကို ခုချိန်မှာ
အဓိပ္ပါယ်ရှင်းလင်းစွာ သိနားလည်ဖို့ ခဲယဉ်နေမယ်လို့ ထင်ပါတယ်၊ အဲဒီနေ့က အလွန်ကြိုက်မိတဲ့ တဘောင် စကားလေးတစ်ခုကို ဂုရုကြီးဆီက ရေးသားမှတ်ယူခဲ့ပါတယ်၊
နောက်ပြီး ဗဟုသုတ ကြွယ်ဝတဲ့ လူတစ်ယောက်နဲ့ စကားပြောရခြင်းဟာ စာအုပ်များစွာကို ဖတ်ရှုရသလိုပါပဲ ဆိုတာကိုလဲ သဘောပေါက်မိပါတယ်၊ သူပြောပြတဲ့ ဟောဒီ တဘောင် လေးက
အမှန်တော့ အဓိပ္ပါယ်အင်မတန်လေးနက်တယ်ဆိုတာကို သူပြောပြလို့ ဦးဇင်းတို့ သိခဲ့ရပါတယ်၊
ဒါပေမယ့် အဲဒီ အဓိပ္ပါယ်စသည်ကိုတော့ ဒီဆောင်းပါးလေးမှာ ချမရေးလိုက်တော့ပါဘူး၊ အချိန်အားလပ်ကြုံကြိုက်တဲ့ ခါမှာ မာတီဆိုဒ်လေးမှာတော့ တင်ထားလိုက်ပါမယ်၊ လောလောစဉ်မှာလဲ
ဦးဇင်းတို့ ဆရာတော်ကြီးရဲ့ စာမူကြမ်းတစ်ချို့ကို စာအုပ်ဖြစ်မြောက်ဖို့ လုပ်ဆောင်နေရတော့ သိပ်မအားလှဘူး မာတီ မိတ်ဆွေများအနေနဲ့ ကိုယ်တိုင်က လူတော်တွေ လူလိမ္မာတွေ ဖြစ်နေကြရုံနဲ့
တာဝန်မကျေဘူးနော် ကိုယ့်လို လူတော်လေးတွေ မျိုးဆက်သစ်လေးတွေကို မွေးဖွားပေးနိုင်ဖို့ ကိုလဲ
မလစ်ဟင်းကြဖို့ သတိပေးချင်တာပါ၊ ခုချရေးလိုက်တဲ့ စာတွေ နဲ့ ဒီ တဘောင် စကားလေးနဲ့ တော့
သိပ်မဟက်စပ်ဘူးထင်ပါတယ်…… သို့သော်လည်း ဒီစကားလေးကိုပဲ ဦးဇင်းတို့ မိတ်ဆွေများကို
သိစေချင်တဲ့ စေတနာလေးတစ်ခုကို အားကိုးပြီး ဒါလေးကို ရေးပေးလိုက်ပါတယ်။

တပင်တိုင် ခဝါချ၊ နာလှတဲ့ အသီးတွေ၊ တွန့်လို့သာကြွေ။
အသီးကြွေ ရာသီပြောင်း၊ သာသနာမောင်း ရှေကဆော်၊ ဒေါင်းတွေကအော်။
ဒေါင်းအော်လျင်၊ သူလာလိမ့်လေး၊
ခြင်္သေ့မင်းတန်ခိုးကြွယ် တိုးလို့ကွယ်ပူလိုက်ဦး။
ဂူပုန်းတဲ့ရှင်ကြီးပျော်ရယ်၊ သမီးတော် လွှတ်လိုက်ပါအုံး၊
ဇာနည်ကြက်မ တွန်လျင်၊ ဤဇမ္ဗူတွင် လင်း၍မဆုံး။

ဒါလေးပါ၊ နောက်ပြီး ပြောအုံးမယ်
ရှေးကကောင်းလို့ ခုကောင်းပါသည်၊ အခုကောင်း နောင်ကောင်းပါလိမ့်မည်၊ ဆိုတဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့
အဆိုအမိန့်ဟာလဲ အလွန်ကောင်းပါတယ်၊ ရှေးကလူကြီးမိဘ လူပညာရှိ ရဟန်းပညာရှိများ ကောင်းခဲ့လို့
ဦးဇင်းတစ်တွေဟာ ကောင်းကျိုးရဲ့ အသီးပွင့်တွေကို စားသုံးနေကြရပါတယ်၊ ဒီတော့ ဦးဇင်းတို့ တစ်တွေ
ကောင်းခဲ့မယ်ဆိုရင် နောင်မျိုးဆက်သစ်တွေ ဟာ အခုလူတွေရဲ့ ကောင်းကျိုးအသီး အပွင့်တွေကို
စားသုံးပြီး အနာဂတ် ဘာသာ သာသနာ နဲ့ နိုင်ငံ လူမျိုး အတွက် မျိုးသစ်ကောင်းတွေ ဖြစ်လာလိမ့်မယ်လို့
မျှော်လင့် ရင်း……………..မျိုးဆက်သစ်တို့ ရဲ့ တောက်ပတဲ့ ကြယ်ပွင့်များနဲ့ထွန်းလင်းတဲ့ ကောင်းကင်ပြာပြာကြီးကို လက်ကမ်းကြိုပါရစေ……..။

အရှင်သိရိန္ဒ (သာသနာ့အေးရိပ်)
တာမွေ၊ ရန်ကုန်။

အသိတရားရဲ့ နောက်ကွယ်..








ကိုယ့်ဘဝ ၊ ကိုယ်အမြင် ၊ ကိုယ့်အတွေးနဲ့ဘဲ ၊ အသိတရားရဲ့နောက်ကွယ်က ၊ ဖြစ်ပေါ်နေတဲ့ စစ်မှန်တဲ့ ရင်ဖွင့်သံစဉ်နဲ့ ပူဇော်ခြင်တာပါ ၊ အသိတရားတို့ မရင့်ကျက်သေးတဲ့ အချိန် ၊ အတွေးတွေ စိတ်ကူးတွေ အကောင်ထည်မဖော်နိုင်သေးတဲ့ အချိန်၊ နုနယ်သေးတဲ့ အသိဥာဏ်မို့ ၊ မိမိရဲ့ အတွေးအခေါ်သည် မှားသလား မှန်သလားလို့တောင် မစဉ်စားတက်သေးဘူးဆိုရင် ပို၍ မှန်ကန်ပါလိမ်မယ်၊ တကယ်စဉ်စားမိတာက အတွေးဟူသည် ၊ လူသားတိုင်းရဲ့ အတားစီးမရှိ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့် ကျင်လယ်ခွင့် ရှိတယ်လို့သာ ယုံကြည့်မျှော်လင့်ရင်း ၊ အသိတရား တစ်ခုရဲ့ နောက်ကွယ်က ၊ ကြည်ညိုမိခြ င်းဆိုတဲ့ ခေါင်းစဉ်တစ်ခုပါပဲ ၊
အဘယ်ကြောင့် ကြည်ညိုသလဲဆိုရင်၊
(၁)ဆရာတော်သည် တည်တန့်ခန့်ငြားစွာ တရားဓမ္မများကို ဟောကြားခြင်း ၊
(၂)ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်ကို လူပိန်းလူဖျင်းနားလည် သဘောပေါက်အောင် ဟောပြနိုင်ခြင်း ၊
(၃)အသက်ရွယ် အိုမင်းသော်လည်း မြို့အရပ်ရပ် နယ်အရပ်ရပ်သို့ကြွရောက်၍ တရားဓမ္မများလှည့်လည်ဟောပြောခြင်း၊
(၄)မိမိခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှု့ကို အဓိက မထား ပြည်တွင်း ပြည်ပ သာသနာပြု အရေးကို ဆောင်ရွက်ခြင်း ၊
(၅)မိမိရဲ့ တပည့်များအတွက် စံပြနမူနာ အဖြစ် ရှေ့စောင် လမ်းပြခြင်း ၊
(၆)ရဲ့ဝံ့သတ္တိဖြင့် ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခြင်း ၊
(၇)ယနေ့ အချိန်ခါထိ ဆရာတော်ဘုရားသည် အသက်ရွယ် အိုမင်း ကြီးရင့်သည်တိုင်အောင် ၊ နေ့မအား ညမအားဖြင့် ပြည်တွင်း ပြည်ပ အနယ်နယ် အရပ်ရပ် ခရီးသွား၍ ၊”ငါ့သားရဟန်းတို့ လူများစွာတို့ ချမ်းသာဖို့ ‘ ဓမ္မ ‘ ကို ဟောကြားကြ” ဟူသော ဘုရားရှင်မိန့်မှာတော်မူသော စကားရပ်ကို လေးလေးနက်နက် ခံယူလျှက် ဆရာတော်ဘုရားသည် ၊ တစ်နှစ်တာကာလ၏ ပြက္ခဒိန်ရက်ပေါင်း (၃၆၅)ရက်တွင် နေ့တရားပွဲ ၊ ညတရားပွဲ ၊ မိုးကုတ်ရိပ်သာ (၇) ရက် (၈)ရက် (၁၀)ရက် (၁၅) ရက် (၃၀)ရက်တရားစခန်းပွဲကြီးများ ၊အနယ်နယ်အရပ်ရပ် ၊ ပြည်တွင်း ပြည်ပ ၊ တို့၌ တရားဓမ္မများကို လှည့်လည် ဟောပြောလျှက် သာသနာပြုလုပ်ငန်းတွေကို ၊နေ့မအား ညမအားဆောက်ရွက်လျှက် ၊ မိသာလျှင် မက ၊ မိမိရဲ့ တပည့်များကိုလဲ ၊ သာသနာပြု လုပ်ငန်းတွေ ပြုလုပ်ကြရန် တိုက်တွန်းနိုးဆော်ရင်း ၊ ရှေ့ဆောင်လမ်းပြ အဖြစ် ဆောင်ရွက်နေခြင်းကား ၊ တပည့်များအနေ့နဲ့ ဂုဏ်ယူ ဝင့်ကြွားချင်းဟာ ၊ အပြစ်တစ်ခုလို့ တော့ မထင်ပါ။
ထိုသို့ ဆရာတော် ဘုရားကြီးသည်၊ ခရီသွားနေ၍ ၊ ခန္ဓာကိုယ်ရဲ့ပင်ပန်းခြင်း စိတ်ရဲ့ပင်ပန်းခြင်း အစရှိတဲ့ ဒုက္ခပေါင်းမြောက်များစွာကို ခံရသော်လည်း ၊ ဆရာတော်ဘုရားကြီးရဲ့ စိတ်မှာကား ၊ ပျော်ရွှင်ကြည်နူးမှုရှိကြောင်းကို “ငါအခုလို ခရီသွားရတာ ပင်ပန်းပေမဲ့ ငါတကယ် ကျေနပ်အားရပါတယ် ငါတကယ်ချမ်းသာပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ငါအခုလုပ်နေတဲ့ လုပ်ငန်းတွေ၊ အကျိုးစီပွားတွေကို၊ အများပြည်သူဒကာ ဒကာမတွေ ပျော်ပါးစွာ အသုံးချ ခံစားခွင့် ရပြီးဆိုရင် ၊ ငါကျေနပ်တယ် ငါပျော်တယ်၊ ဒီပျော်ရွှင်မှု့သည်ပင် ငါရဲ့အကျိုးအမြတ် ၊တစ်ခုပါဟု ၊ တရားဓမ္မ ဟောပြောပွဲက ပြန်လာတိုင်း ၊ တပည့်များကို သြဝါဒ မိန့်မှာတော်မူခြင်းဟာ ၊ ဆရာတော်ဘုရားရဲ့ မြင့်မြတ်သော စိတ်ဓါတ်ကို ဖော်ပြနေပါ၏ ။
ဒါကြောင့် သာလျှင် ဆရာတော်ဘုရားကြီးသည် ၊အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ ၏ အဆိုအမိန့်နဲ့လည်းကိုက်ညီပါ၏ “The water that flows is clear, The monk who goes also is pure ” ရေဆိုသည်မှာ စီးဆင်းနေမှသာလျှင် ကြည်လင် သန့်ရှင်း၏ ၊ ရဟန်းဆိုသည်မှာလည်း အမြဲတမ်းခရီးသွားနေမှသာလျှင် ကြည်လင်သန့်ရှင်း၏”
“သံကောင်းသည့်ဓါး ဖြစ်တုန်းငြားလည်း ၊
ကျောက်သွားထက်ပင် မပြုပြင်က ၊
သံပင်ကောင်းလျှက် ဓါးမထက်”
မှန်ပါပေ၏ သံသည် အသုံးမပြုလျှင် သံချေတက်၏ ၊
ရေသည်လည်း မစီးဆင်းလျှင် ရေမှော်တို့ဖြင့် ညစ်ပတ်၏၊
စိတ်သည်လည်း လှုပ်ရှားမှု့ မရှိလျှင် စွမ်းအား သတ္တိများ ကျဆင်းပါသည်။
ထိုကဲ့သို့ပဲ ဆရာတော်ဘုရားကြီးရဲ့ မြင့်မြတ်တဲ့ အထက်ပါ ဂုဏ်ရည်တို့အတွက် မိမိသာလျှင် မက ပြည်တွင်းပြည်ပ သိရှိသူ အားလုံးက ကြည်ညိုမိခြင်းကား အဘယ်မှာလျှင် ဆုံးနိုင်ပါအံ့နည်း ၊ ဤကဲ့သို့ အများအကျိုး သာသနာ့အကျိုးကို လိုလိုလားလားဖြင့် ဆောင်ရွက်နေခြင်းသည်ကား ၊ မိမိ အပါဝင် တပည့်များ အားလုံးအတွက် ဂုဏ်ယူဝင့်ကြွား စရာ မဟုတ်ပါလော့ ၊ လူသားတို့ သဘာဝသည် ချိုမြိန်သည့် အသီးတို့ဖြင့် ဝေဆာနေသည့် သစ်ပင်ကြီးတစ်ပင်ကို မြင်လျှင် ထိုသစ်ပင်မျိုးကိုသာ လိုချင်တပ်မက်ကြ၏ ၊ ထိုသစ်ပင်မျိုးကို ရအောင် မည်သို့ ပြုစုပျိုးထောင်ခဲ့ရသည်ကိုတော့ မစဉ်းစား မတွေးခေါ် မေ့နေတက်ကြပေသည် ၊ ထိုနည်းတူစွာပင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ် ) အဖွဲ့အစည်း တစ်ခုအောင်မြင် ကျော်ကြားလျှင် ထိုအောင်မြင်ကျော်ကြားမှု့ကို ကြည့်ပြီး ၊ မိမိ ပါဝင်သည့် အဖွဲ့အစည်းကိုလည်း ထိုကဲ့သို့ အောင်မြင်ကျော်ကြားချင်ကြ၏ ၊ သို့သော် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့စည်းတစ်ခု၏ နောက်ကွယ်၌ ရှိသော ပေးဆပ်ခဲ့ရသည် “အရင်း အနှီး” ကိုကား သတိမထားမိကြပေ ။
မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ် ခိုင်မာသည့် ယုံကြည်ချက် မီးလျှံတို့ဖြင့် ၊ ထက်သန်တဲ့ လုံးလ ဝီရိယ တို့ဖြင့် ကြီုးစား ၊ အားထုပ်မှသာလျှင် အောင်မြင်မှု့ သရဖူကို ဆွပ်ခူးနိုင်ကြပေမည် ၊ ဤကားမှန်ပါပေ၏ ၊ ယနေ့ အောင်မြင်သော ဆရာတော်ဘုရားကြီး ဦးစီး၍ တည်ထောင်နေသော မိုးကုတ်ဓမ္မရိပ်သာကြီး သည်လည်းပဲ ၊ ထိုကဲ့သို့ ဆရာတော်ဘုရားကြီးရဲ့ ခိုင်မာသည့် ယုံခြင်ချက် မီးလျှံတို့ဖြင့် နေ့မနား ညမနား ၊ ကြီုးစား အားထုက်နေမှု့ကြောင့်သာ အောင်မြင်တိုးတက်နေခြင်း ဖြစ်ပေသည် ၊
အမှန်တကယ်ကား ကြီးကျယ် မြင့်မြတ်သော “အရင်း အနှီး” များကြောင့် ကြီးကျယ်မြင့်မြတ်သော အကျိုးအမြတ် များကို ရရှိခြင်းဖြစ်ပေ၏ ။
(န ဘိက္ခဝေ ဟီနေန အဂ္ဂဿ ပတ္တိ ဟောတိ ၊ အဂ္ဂေနေဝ အဂ္ဂဿ ပတ္တိ ဟောတိ )

ထိုသို့ ဆရာတော်ဘုရားရဲ့နေ့မအား ညမအား ကြိုးစားအားထုပ်မှု့ကြောင့်သာ ယနေ့အချိန်ခါထိ ရွေမန်းသဘင် တရားဓမ္မရိပ်သာကြီး ဝေဝေဆာဆာ သိုက်သိုက်ဝန်းဝန်းဖြင့် စီကားနေခြင်းဖြစ်ပေ၏ ၊
ဆရာတော်ဘုရားကြီးရဲ့ သီလဂုဏ် ၊သမာဓိဂုဏ် ၊ပညာဂုဏ် ၊ သာသနာ့စိတ်ဓါတ် ၊ စသဖြင့် ကြီးကျယ် မြင့်မြတ်သော စိတ်ဓါတ်တို့ကား ၊ အဘယ်မှာလျှင် တပည့်တစ်ယောက်အနေနဲ့ မကြည့်ညိုဘဲ ရှိအံ့နည်း ၊
ဆရာတော်ဘုရားကြီးရဲ့ ဆုံမသွန်သင် လမ်းပြမှု့အောက်မှာ ကြီးပျင်းလာရင်းဖြင့် ရင်ထဲမှာ တစ်ဖွဖွ ဖြစ်ပေါ်မှိတာက “The more I know him, the more I love him;” ဆရာတော်ဘုရားကြီးရဲ့ အကြောင်းကို ပို၍ ပို၍ သိလေလေ ပို၍ ပို၍ ကြည်ညိုလေလေ ဖြစ်ရပါ၏ ။
မိမိတပည့်များကိုလည်း လမ်းမှားမရောက်စေဘို့ ၊ ပညာဂုဏ်ရည်တိုးတက်ဘို့၊ အသိဥာဏ်ပညာတို့ရင်ကျက်စေဘို့၊ ပညာသင်ကြားနေရတဲ့ အခါ ဆင်းရဲဒုက္ခ ပေါင်းစုံကို ၊ ဇွဲဇွဲသန်သန်နဲ့ ကျော်လွှားနိုင်ဘို့ ၊ လောကဓံရဲ့ အကောင်းအဆိုးတွေကို နားလည်းနိုင်ကြဘို့၊ စသည်ဖြင့် တပည့်တွေရဲ့ ဘဝရှေးရေးကို နေ့မနား ညမနား နဲ့ တရားပွဲ ဓမ္မသဘင်တွေရဲ့ ကြား ၊ ချွေးတစ်လုံးလုံးနဲ့ကူးဖြတ်ရင်း ၊ ပင်ပန်းနွမ်းနယ်မှု့ တွေကို တဒင်္ဂလေးမှ မရပ်နားစေတဲ့ ၊
“ အော် .. ၊ငါတပည်တွေ ပညာတက်ဖြစ်အောင် ငါဘယ်လို သွန်သင်ညွန်ပြရမလဲ ၊ ငါဘယ်လိုဆုံးမရမလဲ ၊ ငါတပည့်တွေ ဘဝတိုးတက်ဘို့အတွက် ငါဘယ်လိုတွန်းအားမျိုးတွေ ပေးရမလဲ ၊ ငါတပည့်တွေ တစ်ချိန်မှာ ငါလိုပဲ ပွဲလယ်တင်ဘို့ အတွက် ငါဘယ်လိုမြောက်စားရမလဲ စသည်ဖြင့် မေးခွန်းပေါင်းများစွာကို အဖြေထုပ်ရင်း မောပန်း နွမ်းနယ်မှု့တို့ကို ပိုမိုကြီးထွားနိုင်စေတဲ့ “ ဆရာတော်ဘုရားကြီးရဲ့ ကြီးမားတဲ့ မေတ္တာတရားများကို “ ဆရာတော်ဘုရားကြီးရဲ့ ဘဝအမောပြေစေရန် “ တပည့်များအနေနဲ့ ဒီကျေးဇူးတွေကို ဘယ်လိုတုန့်ပြန်ကြမည်နည်း …….?
လောကတွင် လူအများ နေ့စဉ်နှင့် အမျှ အလွယ်တကူ ပြောဆို ခေါ်ဝေါ်နေကြပေတဲ့ စကားတခွန်းမှာ “ကျေးဇူးတင်ပါတယ် ‘ ကျေးဇူးပါ” ဆိုသော စကားနဲ့ပတ်သက်၍ ကမ္ဘာ အရပ်ရပ်မှာ ဝေါဟာရ စကားလုံးအမျိုးမျိုးဖြင့် လဲလှယ်ဖော်ပြကြသော်လည်း မပြောင်းလဲဘဲ အမြဲတူညီနေသည်ကတော့ “ကျေးဇူး (နဲ့)ကျေးဇူးတင်သည်စိတ်” တစ်ခုပါပဲ ၊ ခေတ္တမျှ ရပ်၍ စဉ်းစားမိလိုက်ကြစေလိုပါသည် ၊ မြန်မာစာအဖွင့် ကျမ်းနှင့် ကမ္ဘာအဘိဓာန်ကြီးများ၏ (Definition)တွင် မည်သို့ ကျယ်ပြန့်စွာ ဖွင့်ဆိုခဲ့ကြသည်ဖြစ်စေ တစ်ခုတည်းသော အနက်အဓိပ္ပါယ်ကို ဆွဲထုပ်ကြည့်မည် ဆိုပါလျှင် ၊ ကိုယ့်အပေါ်၌ ကိုယ့်ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ယောက် ကောင်းကျိုးဖြစ်စေကြောင်း အထောက်ပံ့ကောင်း တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ ပြောဆိုခဲ့ စောင့်ရှောက်ကူညီပံ့ပိုးပေးခြင်းကိုပင်လျှင် ”ကျေးဇူး” ဟုဆိုပါသည် ။
ထို့ကြောင့် ဆရာတော် ဘုရားသည် ၊ ငါတို့ အားလုံးအပေါ်၌ အမြဲတမ်းကျေးဇူး ရှိနေပါတယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ် ၊
ကျေးဇူး ၊ကျေးဇူးတင် ၊ ကျေးဇူးသိ ၊ ကျေးဇူးဆပ်၊ ဟုစကားရပ် လေးခုကို ညီမျှခြင်းချရမည် ဆိုပါလျှင် ကျေးဇူးတရားရှိတဲ့ သူကိုကျေးဇူးကျေအောင်ဆပ်တဲ့ ။ ဒါကြောင့် ။
“ How can we give our gratitude to him ” …? ဆိုတဲ့ စာကြောင်းလေးကိုငေးမောရင်း


အရှင်ပညာသီရီ (ဓမ္မာစရိယ )
B.A (Hnos) M.A (Pali and prakrit)
Ph.D (thesis )
India,


သံစဉ်........

Friday, 23 March 2012

" ဘ၀ရဲ့ တစိပ်တဒေသ သံစဉ်လေးများ..."

igwkdUav;pm; MunfndK cspfcif&wJh q&mMuD; a[maNymaeMu pum;av; wpfck&Sdygw,f tJ'g bmvJqkdawmh.. twdwfukdawG; raqG;aveJh twdwfqkdwm Nyefrvmbl;?wJh.. rSefygw,f twdwfqkdwm tem*wfukdo,faqmifvkdU &aumif;wJh t&mawmh r[kwfygbl;? ‘'gayrJhvJ b0orkdif;pmrsufeSmwkdif;rSmawmh twdwfawG&SdcJhMuvkdU omvSsif yp©KyÜef eJh tem*wfwkdU arG;zGm;vm&Ncif; qdkvSsif ykdrSefuefygvdrhfr,f? tem*wfukd c&DqufbkdUtwGuf twdwf&Jh orkdif;pmrsufESmukdawmh Nyefvnfai;arm&pNrJygyJ../tcsdefukd aehpm; ?aehukd vpm;? vukdeSpfpm;vkdUb0&JhtcsdefawG ukefqHk;cJhMuayrJh?&ifxJrSmawmh &ufv eSpfawGukd vGrf;armwrf;waeqJygyJ?vGrf;wJhpdwfukd aNzodyfzkdUtwGuf tm;tifavSsmUeJwJh vufwpfpHkeJh b0 orkdif;pmrsufESmudk NyefvSefMunhfrdaomtcg................................................

orkdif;pmrsufem(1)

h

emusifrSု့cg;oDrSKUwkdUukd r&ifhusufwufao;wJhcsdef vTwfaNrmufrSKU 0drkwÅd&oukdom&SmazG;&if; c&D;qufcJhwJh q,feSpfom;t&G,fuyif NrefrmwkdU&Jh ,mOfaus;rSKU tav;eufxm;&m rd&kd;zvm yAÁZÆ r*Fvmac:wJh &SifomraPb0av;ukdbJ eSpfNcdKwfaysmfarGU&if; c&DqufcJh&ygw,f/ NrefrmwkdU tm;ukd;tm;xm;NyK&m rGefNrwfwJh zef0gqifNref; 0wfouFef;av;ukd 0wf&Hk&if;bJ r&yfrem; tm;vyfcsdefrsm;ukd ul;cuf&if;...&SifomraPwkdU&Jh ,Ofaus;rSKUac:wJh &Sifusifh0wfeSifh y&dwfMuD;(11)okwf bk&m;&Sdckd;trsKd;rsKd; arwÅmykdUenf;toD;oD;wdkUukd armaeatmifusufcJh&w,f? &uf vwkdU wkdufpm;&m tcsdeftenf;i,f MumvmwmehJtrSs..q&morm;\tm;ay;aNrSmufpm;rSKUatmufrSmusifvnf&if; .. ouFef;ukdpD; pdwfykwD;eSifhbkef;MuD;b0[m.. o'´g rwuf&ifawmh pmrwufawmhbl;[l;aom q&mbkef;MuD;&Jh oGefoifnGefNyrSKUudk avhvmcJhNyefawmhvJ rmeukdvkdcsif rmef[kefukd a&SUwef;wifcsifwJhuav;b0rkdU o'´g pmtkyfukdxkyf yg;pyfutNrKwfpDatmif....okwfpOf okwfeuf oN*FKdvfygXfteufrsm;ukdvJ ausnufatmif wwGwfwGwfusuf&NyefNyD; ...okwfpOf okwfeufeJh oN*FKdvfav; tenf;i,f&&ifawmh pmoifwkdufoGm;&r,fqkdwJh q&morm;&Jh tm;ay;rSKUaMumihf ynma&; tdrfrufukd aemufxyfwpfcg vif;vufcJh&Nyefygw,f/ 'DvkdeJhbJ qm&morm;&Jh aNrSmufpm;rSKU aNcmufxm;rSKUawG&Jh atmufrSm tikdwvSnfh tNyHK; wvSnfheJh b0ZmwfcHkay:rSm Zmwfq&m&Jh MudK;qGJ&m u&if; ckef&if; c&D;qufcJhwmuawmh raocsmra&&mwJh reufzefqkdwJh tdrfrwfawG&JhMum;rSm tm;wufvkduf qkwfepfvkdufeJU Nzwfoef;ul;cufcJh&ygw,f ...'DMum;xJ..aysmfp&mawGukd tqufrNywfay;qyfavh&SdwJh wUkd&Gmaemufu cspfp&m {&m0wD&Jh urf;aNc oJaomifNyifay:rSm aqmhupm;&if; vSKdif;cufoHawG&JhMum;rSmMuD;Nyif;vm&wJh {&m0wDom;av;ukd cspfwwf cifwwf vGrf;wwfatmif oifay;cJhwJh cspfp&m{&m0wDukdvnf; vGrf;armae&Nyefygw,f....

t&m&mukd cGJNcm;pdwfNzmekdifNcif;r&Sdao;wJh

uav;wpfa,mufrkdU tem*wfvrf;urNyD0kd;w0g;/

usef;rma&;*&kdpkduf ? pm;MudK;pm;oif ? vdrfvdrfrmrmae? qkdwJh aus;Zl;&SSif rdcif zcif q&morm;wkdU&Jh yJhwifxyfrSs qkdqHk;rwJh pum;oHawG[mvnf;

a0SU0JcsifonfUrsuf&nfrsm;Mum;u Mum;wcsuf rMum;wcsufeJU cspfp&m {&m0wD&JU vSKdif;cufoHawGukd vufNy eKwfquf? ,HkMunfcsuf rD;vSsHwkdU\ armif;eSif;tm;Nzifh ynmoifc&Dukd pcJhavonf / ‘'DvdkeJh r[m&efukefNrdKU&Jh vlwef;pm;aygif;pHk usifvnf usufpm;&m NrdKUNytvSukd cHpm;&if; obm0&JhtvSw&m;awGukdA[dkNyKNyD; ? {&m0wDom;av; yxrqHk;usifvnfcJhwmuawmh ? wpfcsdefu &mZ0ifwGifcJhbl;wJh irkd;&dyfacsmif&Jh uef;ezl;u rif;eE´m pmoifwkduf/ a&mra&muf&if a&mrvkdusihfqkdwJh qkd&kd;pum;eSifh tnD obm0ukd rvGefqefedkifwJh vlom;wkdU obm0twkdif; .. pmoifwkduf&Jh pnf;rsOf; pnf;urf;awGukd vkdufemcJhusifhoHk; oif,l&if; ...b0&Jhc&D;Murf;ukd yxrqHk;aNcvSrf;awGeJh avSsmufvSrf;cJh&ygw,f..a&Sha&pufaMumifh cifrif&if;eSD;cJh&wJh b0wloli,fcsif;awGeJhtwl pmoif pmusuf bk&m;0wfwuf tp&SdwJh pmoifwkduf&JhxHk;pHtrsKd;rsKd;ukd b0wl oli,fcsif;awGeJhtwl vkdufem aqmif&Guf tzufzufrS rysufuGyf&avatmif xrf;aqmif&if; tikdwpfvSnhf tNyHk;wvSnhfeJh avmu"H&JhapnGef&m 'ku©rsKd;pHkukd b0wl oli,fcsif;wkdU at;wlylrsS rSsa0cHpm; todw&m;awGzvS,f &ifusufpt&G,f a&mufMu&NyefawmhvJ eSpfvawGaNymif;vkdU eSpfeSpfausmf oHk;eSpfawmif aeSmif;cJhygNyD;/'DvkdeJhbJ avmuZmwfcHkay:rSm b0o&kyfukd xkyfazmfbkdUtwGuf tem*wf&Jhvrf;pukd ukd,fpDukd,fpD&SmazGbkdUqHk;NzwfcJhMuwJhae[m..7.11.1999 / vlxGwfwJholuxGuf/we,fwaus;a&mufwJholua&muf/'DZifbm n&Jh tNzLa&mifNrLeSif;rsm;atmufrSm ra&&mraocsmwJhqHk;NzwfcsufawGudk ukdifaqmif&if; a&mifcsmcsmusefcJhwJholu ukdwpfa,mufxJ/ vrf;aNymufvkdvrf;p&SmbkdUtwGufMudK;pm;aecsdef..acgif;xJu tawG; tykdif;prsm;eJh a&maxG;vSsufygvmwJh ac:oHwcsKdUu ...igndD aehvnfu ighnDr&SdvkdU ig,lxm;vkdufwm pmwpfaqmifa&mufvmw,fa&mh qkdNyD; aemifawmfwpfa,mufuvmay;ygw,f? 'geJUuref;uwrf; aumufzGifhMunhfawmh tem*wfvrf;c&D;ukd pwifarG;xkyfay;cJhwmuawmh/ tNzLa&mif;pmrsufem&Jh tay:rSm tNyma&mifrSifom;av;awGukd okwfvdrf;ay;cJholu rmwmrdcifaus;Zl;&Sif? ÃÃÃ okdU.. om;av; usrf;rma&;aumif;&Jhvm; pmawGa&mvkdufekdif&Jhvm; bmvkdao;vJ igom;av; vkdwm&Sd&if tarhudkaNym?tar r&Sd &Sdwm &SmMuHay;r,f ... ighom;avom 'Db0rSmaysmfw,fqkd&if taraoaysmfygNyD;?om;av;&,f vkb0qkdwm &cJw,f?&cJwJhb0rSm NrifhNrwfwJh tvkyfudkvkyfekdifwJholu wu,fhtmZmenf;yJ om;&Jh? om;av;&Jh tbkd;uvJ rSmvkdufao;w,f olraocif ighom;av; bkef;MuD;0wfaewmukd Nrifcsifao;w,fwJh? igUom;av;vJ pmusuf pmtHeJh aeUpOfvkyfae&w,fqkdawmh awmfawmfyifyef;aerSmbJaemf.. om;av; yifyef;w,fqkdwm tarodvkdU ighom;av ;tm;&SdwJh tpm; pmawG 0,fpm;bkdU twGuf tarhpkxm;wJh aiGwpfaomif; om;av; oHk;yg tarUrSm ykdufqHr&SdayrJh ? ?om;&Sd&if tartm;&Sdygw,f.om;aysmf&if tarvnf;aysmfw,f ÃÃÃ... qkdwJh arara&;ykdUvkdufwJh pm&Gwfay:rSm rkd;ayguftvm; waysmufaysmufuscJhwJh rsuf&nf&Jh OD;wnf&muawmh a&TrEÅwmvm&Jh ynmoifc&D; [efaqmifrSKU vdrfnmrSKU uif;wJh a&TrEúvmrSm taNccscJhwJhaeU[m.. 12 . 3 . 2000 /

pmoifwkdufMuD; wkdufi,f toG,foG,feSifh usifvnfusufpm;

rEÅvmaNr&Jh aeh&ufrsm;ukd cufcJpGm ausmfNzwf?teufaw; ? teufusuf ? yk'f ygXf &kyf "gwf ypönf;?ypö,wfwkdU\ oabmw&m;rsm;ukd oif,l ? pdwf&SKyf? apwodwf&KSkyf &kyf o&kyf wkd\ tbd"r®m oabmw&m;ukd &SmazG..ynmxl;NrwfawmfrlMuaom q&mNrwfwkdU\ rD;arSmif;xkd;NywJh apwemvrf;aMumif;atmufrSm pdwf"gwfwkdU r&ifhusufao;csdefqkdawmhvJ aNzmifhwef;vkduf aumufauGUvkdufeJhyJ tqifhNrifh yd#du yifv,fxJ eSpfaygif;rsm;pGm ul;cuf&if; &oifh &xkduf qkvmbfrsm;ukd udkifaqmifNyD;csdef/ tod pdwf"gwfwkdU &ifhusufp t&G,frSmawmh..rsKd;qufopf &Sifi,f &[ef;i,fwkdU aemufNyefrvSnhfomaom OyorÜ' vrf;aMumif;ay:ukd wufvSrf;cJh&ygw,f /

qufvufazmfNyygOD;r,f../

( oHpOf..... )

Monday, 19 March 2012

မဇျွိမသို့ ပထမခြေလှမ်း.....

လမ်းဆိုတာ လျှောက်လျှင်တော့ အရှေ့ ရောက်ပါတယ်.

ဒါပေမဲ့ လမ်းလျှောက်ဘို့အတွက် အားပေးမှု့မရှိတဲ့

ရင်ထဲကသံစဉ်တွေရဲ့နောက်မှာ ကြောက်ရွန့်မှု့ စိုးထိပ်မှု့ တို့နဲ့အတူ

မပီဝိုးတဝါးနဲ့လျှောက်လှမ်းခဲ့ရတဲ့ခြေလှမ်းတွေရဲ့ ဦးတည်ရာဟာ

ဘယ်ကိုဦးတည်နေတယ်ဆိုတာ ကိုယ်တိုင်းမသိခဲ့ရတဲ့

နေ့လေးတစ်နေပေါ့ ..22.6.2009 ...”ရင်ထဲမှာ ဘာဆိုဘာမှ မသိ

ပုစ္ဆာမသိ အဖြေမရှိ အားလုံး ဗလာနတ္ထိ” ဆန်းတဝါးဝါးနဲ့ လမ်းမသလားဘဲ

နေလိုကလဲမဖြစ် ဘာဘဲဖြစ်ဖြစ် ချိနွဲ့တဲ့ အင်းအားတစ်ဆုရဲ့

ဆုံးဖြတ်ချက်ကတော့ ငါနိုင်ငံခြားကိုပညာသင်သွားရမယ်ဆိုတဲ့

အသိဝင်လာခဲ့တာဘာဘဲ ဒါနဲ့ဘဲ ဒူးနှစ်လုံးကို ကြမ်းပြင်ချ

လက်အုပ်ချိမိုးရှိခိုးလို့အပြီး ငါ့နားထဲကိုဆူးလျှက်ဝင်လာတက

“ ငါ့တပည့် တိုင်းတစ်ပါးမှာပညာသင်သွားတာဟာ

ဆင်းရဲ့ခြင်းပင်ပန်းခြင်းတွေနဲ့တော့ရင်ဆိုင်ရမယ်

ဒါကိုတော့ ခံနိုင်အောင်ကြိုးစား.... လောကမှာ လူတိုင်းဟာ

ဒုက္ခကိုကျော်ဖြတ်ပြီးရင်တော့ သုခဆိုတာရစမြဲပါ သုခကိုလိုချင်တဲ့

ပုဂ္ဂိုလ်တိုင်းဟာလဲ ဒုက္ခဆိုတဲ့ လောကဓံတရားကို ရင်ဆိုင်ရစမြဲ

ဒီတော့ ဆင်ရဲမှု့ ပင်ပန်းမှု့ဟာ အောင်မြင်မှု့ကို လိုချင်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့

ဆန့်ကျင်ဘက်ရန်သူဘဲ ..ဒီရန်သူုကို မင်းနိုင်အောင်တိုက်နိုင်ရင်တော့

မင်းလိုချင်တဲ့ အောင်ပွဲရလိမ်မယ် “ ဆိုတဲ့ မေတ္တာတရားကြီးမားတော်မူတဲ့

အားပေးမှု့လုပ်ခုပ်သံကြောင့် သိမ်ငယ်မှု့ စိုးရွံမှု့တို့ကို နုနယ်တဲ့

အတွေးတစ်ခုနဲ့ဆုံးဖြတ်ရင်း တဒင်္ဂ ရပ်နားစေခဲ့ရပါတယ်..

ဒါနဲ့ အထုပ်ကိုဆွဲ ကြံတော့လဲ ကားပေါ်တက်မယ့်

ခြေလှမ်းအရဲ့အစမှာတော့ နှေးကွေးတဲ့ ခြေလှမ်းတွေကို

စတင်ဖိတ်ခေါ်ခဲ့တာက မသဲတသဲ တဖွဲဖွဲနှင့် ရင်ကိုခွဲဝင်

အလွမ်းဘုရင် အဆွေးသခင်ဆိုတဲ့ ကိုရွှေမိုးပါဘဲ…

ရဟန်းတစ်ပါးဖြစ်သောလည်း ပုထုဇဉ်လူသားတစ်ယောက်မို့

သံယောဇဉ်ဆိုတဲ့ ကိလေသာတရားတွေကို မစွန့်ခွါနိုင်သေးရင်း

စိုးနင့်မှု့ လွမ်းမောမှု့ အားငယ်မှု့တို့ကြောင့် တားစီးမရတဲ့

မျက်ရေစတွေကို အဖြူရောင်ပုဝါလေးနဲ့တားစီးငေးမောရင်း . ......

.နောက်ထပ်ကြားလိုက်ရတဲ့ခါးသီးမှု့ကတော့…….

ကဲ လေရင်ကွင်းရောက်ပြီး ကားပေါ်ကဆင်းဆိုတဲ့

သူငယ်ချင်းတစ်ပါးရဲ့ စကားသံပါဘဲ … ရင်ထဲမှာတဖွဖွနဲ့

နာကျင်မှိနေတာက လူသားတို့ခါးသက်သည့် ခွဲခွါခြင်းဆိုတဲ့

သင်ကေတကိုအစပြုစေတဲ့ “yangon international airport “

ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ ဆုံးစည်းမှု့တို့ရဲ့ မရေရာမသေချာတဲ့

ခွဲခါခြင်းမှတ်တိုင်အောက်မှာ ဘဝတူလူသားတို့ ကိုယ်စီခံစားနေကြရတဲ့

ကြေကွဲမှု့ နာကျင်မှု့ ခါးသီးမှု့အလီလီကို ပွေ့ပိုက်ရင် အဆက်မပြတ်

အလိုလိုကျလာတဲ့ ပါးပြင်ထက်က မျက်ရေစတွေနဲ့အတူ

အတွေးတစ်ခုဝင်လာတာက လက်ပြနုတ်ဆက် ကျန်ခဲ့နေကြရတော့မဲ့

ဆရာ သမား မိဘ ညီကို မောင်နှများ နှင့် သံယောဇဉ်တွဲမှိနေတဲ့

လူသားတွေ ဆိုတဲ့ အတွေးတစ်ခုဟာ ငါ့ဘဝတစ်ခုလုံးကို

အမှတ်တရ နာကျင်စေတဲ့ june.6. ရက်နေ့ကိုတော့ ငါမှတ်မှိနေဆဲပါဘဲ..

ဒီလိုနဲ့ဘဲလက်ပြနုတ်ဆက် ခရီဆက်ခဲ့တယ်ဆိုပါစို့(1:45 )

တစ်နာရီ လေးဆယ့်ငါးမီးနှစ်တွင် ရန်ကုန်လေဆိပ်မှ လေယာဉ်ထွက်ခွါခဲ့ပါတယ်...

အပြာရောင် မိုးသားတွေရဲ့အပေါ် မိုးကောင်းကင်ရဲ့အောက် လေဟုန်စီးရင်း

အကြည်ရောင် ဖန်လုံးလေးတွေဟာ မျက်ဝန်းထဲမှ သူ့ထက်ငါ အလု့ရက်ပြေးထွက်လာပြီး

တီတီတာတာ ပြောနေကြတဲ့ စကားလုံးတွေက

“ အမေ သားအမေ့ကို မချစ်လို့ခွဲခွါသွားတာ မဟုတ်."

"ဆရာ ဆရာ့ရဲ့တပည့် ဆရာ့ကိုမချစ်လို့ခွဲခွါသွားတာမဟုတ်"

"သူငယ်ချင်းတို့ ငါမချစ်လို့ မင်းတို့ကို ခွဲခါသွားတာ မဟုတ်"

မဟုတ် မဟုတ် ဆိုတဲ့ ဆန့်ကျင်ဘက်စကားလုံးတွေနဲ့လွင့်မျောရင်း…

ညနေ (3:0) သုံးနာရီ အိန္ဒိနိုင်ငံ ကာလကတ္တားမြို့ကြီးကို

လေယာဉ်ဆိုက်ရောက်ခဲ့ပါတယ်..ရောက်တယ်ဆို လာကြိုနေတဲ့

ဦးဇင်းတစ်ပါးကို စိတ်သက်သာရာ ရဘို့အတွက် မေးမှိမေရာတွေကိုမေးရင်း

ညနေ ငါးနားရီ လောက်မှာ ကာလကတ္တားမြို့ palace hostel ကိုရောက်ခဲ့ပါတယ်

ရောက်ရောက်ချင်းဘဲ အိပ်ရာပေါ်ပြေးတက် လွမ်းတဲ့စိတ်ကိုမေ့ပျောက်ဘို့

ကြိုးစားရင်း ဂျွန်လ ခြောက်ရက်နေ့လေးကို အဆုံးသက်ပေးခဲ့တာကတော့

အိပ်စက်ခြင်းပါဘဲ……

( သံစဉ် )