Showing posts with label နာကျင်သည့်နေ့အမှတ်တရ... Show all posts
Showing posts with label နာကျင်သည့်နေ့အမှတ်တရ... Show all posts

Friday, 23 March 2012

" သဘာဝရဲ့ အလှတရား "

တစ်ချို့ ပုဂ္ဂိုလ်များဟာ တစ်ပါးသူရဲ့ ချိုချိုသာသာ

ဆက်ဆံမှု့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံ အသိမှတ် မပြုခဲ့ဘူး..


ပျူငှါ ဖော်ရွှေမှု့ကို သံသယမျက်လုံးတွေနဲ့


ဆန်းစစ်တက်တာဟာလောကမှာ အဆိုးဆုံးပါပဲ....

ဒါကတော့ အတ္တလွန်းကဲတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဓလေ့စရိုက်ပါ လားလို့


စဉ်းစားရင်း နာကျင်သည့် အရသာတို့ကို ကြိတ်မှိတ်ခါနေပြီး ဖြေဆဲ....?

တစ်ခါတလေ ကြင်နာတရားတွေ မျက်ကွယ်ပြုခံရတဲ့ အတွက်....


မနေတက် မထိုင်တက်ဖြစ်ခဲ့ရတယ်...


တကယ်တော့...သဘာဝရဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်မွန်ဟာ


မမျှော်လင့်ဘဲ ရောက်လာတက်ကြတယ်....


နေညိုချိန် ငှက်ကလေးများရဲ့ တေးသံသာနဲ့ နေဝင်ဆည်းဆာရဲ့


အလှပတွေဟာ ဝယ်ယူလို့ မရနိုင်ပါဘူး............


ဒီလိုဘာပဲလေ..

ယဉ်ကျေး ဖော်ရွှေမှု့သဘောကလည်း ဝယ်ယူလိုက


ရကောင်းတဲ့ အရာ မဟုတ်ပါဘူး.........

အသွား အပြန်ကို မမျှော်လင့်တဲ့ မေတ္တာတရားက


ပေါက်ဖွားလာတာပါ..

ယဉ်ကျေး ဖော်ရွှေမှု့က တကယ်တမ်းတော့ ..


သဘာဝရဲ့ အလှ တရားပါပဲ...


( 7 . 9 . 2012 ) သံစဉ် .............