Monday 19 March 2012

မဇျွိမသို့ ပထမခြေလှမ်း.....

လမ်းဆိုတာ လျှောက်လျှင်တော့ အရှေ့ ရောက်ပါတယ်.

ဒါပေမဲ့ လမ်းလျှောက်ဘို့အတွက် အားပေးမှု့မရှိတဲ့

ရင်ထဲကသံစဉ်တွေရဲ့နောက်မှာ ကြောက်ရွန့်မှု့ စိုးထိပ်မှု့ တို့နဲ့အတူ

မပီဝိုးတဝါးနဲ့လျှောက်လှမ်းခဲ့ရတဲ့ခြေလှမ်းတွေရဲ့ ဦးတည်ရာဟာ

ဘယ်ကိုဦးတည်နေတယ်ဆိုတာ ကိုယ်တိုင်းမသိခဲ့ရတဲ့

နေ့လေးတစ်နေပေါ့ ..22.6.2009 ...”ရင်ထဲမှာ ဘာဆိုဘာမှ မသိ

ပုစ္ဆာမသိ အဖြေမရှိ အားလုံး ဗလာနတ္ထိ” ဆန်းတဝါးဝါးနဲ့ လမ်းမသလားဘဲ

နေလိုကလဲမဖြစ် ဘာဘဲဖြစ်ဖြစ် ချိနွဲ့တဲ့ အင်းအားတစ်ဆုရဲ့

ဆုံးဖြတ်ချက်ကတော့ ငါနိုင်ငံခြားကိုပညာသင်သွားရမယ်ဆိုတဲ့

အသိဝင်လာခဲ့တာဘာဘဲ ဒါနဲ့ဘဲ ဒူးနှစ်လုံးကို ကြမ်းပြင်ချ

လက်အုပ်ချိမိုးရှိခိုးလို့အပြီး ငါ့နားထဲကိုဆူးလျှက်ဝင်လာတက

“ ငါ့တပည့် တိုင်းတစ်ပါးမှာပညာသင်သွားတာဟာ

ဆင်းရဲ့ခြင်းပင်ပန်းခြင်းတွေနဲ့တော့ရင်ဆိုင်ရမယ်

ဒါကိုတော့ ခံနိုင်အောင်ကြိုးစား.... လောကမှာ လူတိုင်းဟာ

ဒုက္ခကိုကျော်ဖြတ်ပြီးရင်တော့ သုခဆိုတာရစမြဲပါ သုခကိုလိုချင်တဲ့

ပုဂ္ဂိုလ်တိုင်းဟာလဲ ဒုက္ခဆိုတဲ့ လောကဓံတရားကို ရင်ဆိုင်ရစမြဲ

ဒီတော့ ဆင်ရဲမှု့ ပင်ပန်းမှု့ဟာ အောင်မြင်မှု့ကို လိုချင်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့

ဆန့်ကျင်ဘက်ရန်သူဘဲ ..ဒီရန်သူုကို မင်းနိုင်အောင်တိုက်နိုင်ရင်တော့

မင်းလိုချင်တဲ့ အောင်ပွဲရလိမ်မယ် “ ဆိုတဲ့ မေတ္တာတရားကြီးမားတော်မူတဲ့

အားပေးမှု့လုပ်ခုပ်သံကြောင့် သိမ်ငယ်မှု့ စိုးရွံမှု့တို့ကို နုနယ်တဲ့

အတွေးတစ်ခုနဲ့ဆုံးဖြတ်ရင်း တဒင်္ဂ ရပ်နားစေခဲ့ရပါတယ်..

ဒါနဲ့ အထုပ်ကိုဆွဲ ကြံတော့လဲ ကားပေါ်တက်မယ့်

ခြေလှမ်းအရဲ့အစမှာတော့ နှေးကွေးတဲ့ ခြေလှမ်းတွေကို

စတင်ဖိတ်ခေါ်ခဲ့တာက မသဲတသဲ တဖွဲဖွဲနှင့် ရင်ကိုခွဲဝင်

အလွမ်းဘုရင် အဆွေးသခင်ဆိုတဲ့ ကိုရွှေမိုးပါဘဲ…

ရဟန်းတစ်ပါးဖြစ်သောလည်း ပုထုဇဉ်လူသားတစ်ယောက်မို့

သံယောဇဉ်ဆိုတဲ့ ကိလေသာတရားတွေကို မစွန့်ခွါနိုင်သေးရင်း

စိုးနင့်မှု့ လွမ်းမောမှု့ အားငယ်မှု့တို့ကြောင့် တားစီးမရတဲ့

မျက်ရေစတွေကို အဖြူရောင်ပုဝါလေးနဲ့တားစီးငေးမောရင်း . ......

.နောက်ထပ်ကြားလိုက်ရတဲ့ခါးသီးမှု့ကတော့…….

ကဲ လေရင်ကွင်းရောက်ပြီး ကားပေါ်ကဆင်းဆိုတဲ့

သူငယ်ချင်းတစ်ပါးရဲ့ စကားသံပါဘဲ … ရင်ထဲမှာတဖွဖွနဲ့

နာကျင်မှိနေတာက လူသားတို့ခါးသက်သည့် ခွဲခွါခြင်းဆိုတဲ့

သင်ကေတကိုအစပြုစေတဲ့ “yangon international airport “

ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ ဆုံးစည်းမှု့တို့ရဲ့ မရေရာမသေချာတဲ့

ခွဲခါခြင်းမှတ်တိုင်အောက်မှာ ဘဝတူလူသားတို့ ကိုယ်စီခံစားနေကြရတဲ့

ကြေကွဲမှု့ နာကျင်မှု့ ခါးသီးမှု့အလီလီကို ပွေ့ပိုက်ရင် အဆက်မပြတ်

အလိုလိုကျလာတဲ့ ပါးပြင်ထက်က မျက်ရေစတွေနဲ့အတူ

အတွေးတစ်ခုဝင်လာတာက လက်ပြနုတ်ဆက် ကျန်ခဲ့နေကြရတော့မဲ့

ဆရာ သမား မိဘ ညီကို မောင်နှများ နှင့် သံယောဇဉ်တွဲမှိနေတဲ့

လူသားတွေ ဆိုတဲ့ အတွေးတစ်ခုဟာ ငါ့ဘဝတစ်ခုလုံးကို

အမှတ်တရ နာကျင်စေတဲ့ june.6. ရက်နေ့ကိုတော့ ငါမှတ်မှိနေဆဲပါဘဲ..

ဒီလိုနဲ့ဘဲလက်ပြနုတ်ဆက် ခရီဆက်ခဲ့တယ်ဆိုပါစို့(1:45 )

တစ်နာရီ လေးဆယ့်ငါးမီးနှစ်တွင် ရန်ကုန်လေဆိပ်မှ လေယာဉ်ထွက်ခွါခဲ့ပါတယ်...

အပြာရောင် မိုးသားတွေရဲ့အပေါ် မိုးကောင်းကင်ရဲ့အောက် လေဟုန်စီးရင်း

အကြည်ရောင် ဖန်လုံးလေးတွေဟာ မျက်ဝန်းထဲမှ သူ့ထက်ငါ အလု့ရက်ပြေးထွက်လာပြီး

တီတီတာတာ ပြောနေကြတဲ့ စကားလုံးတွေက

“ အမေ သားအမေ့ကို မချစ်လို့ခွဲခွါသွားတာ မဟုတ်."

"ဆရာ ဆရာ့ရဲ့တပည့် ဆရာ့ကိုမချစ်လို့ခွဲခွါသွားတာမဟုတ်"

"သူငယ်ချင်းတို့ ငါမချစ်လို့ မင်းတို့ကို ခွဲခါသွားတာ မဟုတ်"

မဟုတ် မဟုတ် ဆိုတဲ့ ဆန့်ကျင်ဘက်စကားလုံးတွေနဲ့လွင့်မျောရင်း…

ညနေ (3:0) သုံးနာရီ အိန္ဒိနိုင်ငံ ကာလကတ္တားမြို့ကြီးကို

လေယာဉ်ဆိုက်ရောက်ခဲ့ပါတယ်..ရောက်တယ်ဆို လာကြိုနေတဲ့

ဦးဇင်းတစ်ပါးကို စိတ်သက်သာရာ ရဘို့အတွက် မေးမှိမေရာတွေကိုမေးရင်း

ညနေ ငါးနားရီ လောက်မှာ ကာလကတ္တားမြို့ palace hostel ကိုရောက်ခဲ့ပါတယ်

ရောက်ရောက်ချင်းဘဲ အိပ်ရာပေါ်ပြေးတက် လွမ်းတဲ့စိတ်ကိုမေ့ပျောက်ဘို့

ကြိုးစားရင်း ဂျွန်လ ခြောက်ရက်နေ့လေးကို အဆုံးသက်ပေးခဲ့တာကတော့

အိပ်စက်ခြင်းပါဘဲ……

( သံစဉ် )

No comments:

Post a Comment