Monday 19 March 2012

လွမ်းမျိုးထွေထွေ ပြေပါစေ...

မြင့်မိုရ်ပမာ ၊ ဖမေတ္တာနှင့်

စမ်းရေပမာ ၊ မိမေတ္တာကို


ခါခါတမ်းတ ၊ အောင်းမေ့လှလည်း


အေးရိပ်နွေခါ ၊ မွေးရပ်ရွာသို့


ရင်မှာတမ်းတ ၊လွမ်းဆွတ်လှလည်း


ဘဝရှေ့ရေး ၊ ရွာသာရေးမို့


မဆုတ်အသိ ၊ မရှိသောအား


မမှားခြေလှမ်း ၊ ခရီးကြမ်းကို


ဆက်လကှ်ု၍သာ၊ချီတက်မည်ဟု


ညင်သာချိုးနှိပ်၊လွမ်းသည့်စိတ်ကို


ကြိပ်မှိတ်ခါနေ၊ဖြေဆဲပေ



သြော်..............


ကြီးမားဂုဏ်အင်၊သွန်သင်ညွန်ပြ


သြဝါဒနှင့် ၊ကြီးစွာမေတ္တာ


စေတနာဖြင့်၊လူရာဝင်ရေး


ဘက်စုံတွေးကာ၊ ပိုက်ထွေးယုယ


ဆိုးဆုံးမ၍၊ မိဘကျေးဇူး


ဂုဏ်ပုဒ်ထူးကို၊ သားလှစိတ်မှာ


ရည်မှန်းကာဖြင့်၊ဆယ်ဖြာလက်မိုး


သားရှိခိုးသည်....


လွမ်းမျိုးထွေထွေ ပြေပါစေ....


(မေ့ဆီသို့ အလွမ်းပြေ.............)

( သံစဉ် )

No comments:

Post a Comment