Thursday 22 March 2012

"မပျင်းဖို့ အလုပ်လုပ်ဖို့"

၁။အကြင်သူသည် အိပ်ပျော်နေ၏၊ ထိုသူ၏ ဘုန်းကံပါရမီအရှိန်တို့သည်လည်း အိပ်ပျော်နေကြ

ကုန်၏။

၂။ အကြင်သူသည် အိပ်ရာမှနိုးလာ၏၊ ထိုသူ၏ ပါရမီဘုန်းကံအရှိန်ဝါတို့သည်လည်း

လူးလွန့်လာကြကုန်၏။

၃။ အကြင်သူသည် အလုပ်လုပ်ဖို့ ထ၍ထိုင်၏၊

ထိုသူ၏ဘုန်းကံပါရမီအရှိန်ဝါတို့သည်လည်း ခေါင်းထောင်လာကြကုန်၏။

၎။အကြင်သူသည် လုပ်ငန်းခွင်သို့ စ၍ဝင်၏၊ ထိုသူ၏ ဘုန်းကံပါရမီအရှိန်ဝါတို့သည်လည်း

အကျိုးပေးဖို့ရန် သင့်နေထား စောင့်၍ နေကျကုန်၏။

၅။အကြင်သူသည် လုပ်ငန်းကို ဆုံးခန်းတိုင်ရောက်အောင် ဇွဲသန်သန်ဖြင့်ပြုလုပ်၏၊ ထိုအခါ ထိုသူ၏

ဘုန်းကံပါရမီအရှိန်ဝါတို့သည်လည်း လန်းလန်းဆန်းဆန်းဖြင့် ပွင့်ကာ အပြည့်ဝ

အကျိုးပေးကြကုန်၏ ။

အရှင်ဇနကာဘိဝံသ..

( တင်ပြသူ..သံစဉ် )

No comments:

Post a Comment