Monday 6 August 2012

ဘဝရဲ့ တစ်စိတ်တဒေသ သံစဉ်လေးများ

ငါတို့လေးစား ကြည်ညို ချစ်ခင်ရတဲ့ ဆရာကြီး ဟောပြောနေကြ စကားလေး တစ်ခုရှိပါတယ် ၊ အဲ့ဒါ ဘာလဲဆိုတော့…… အတိတ်ကိုတွေး မဆွေးလေနဲ့ အတိတ်ဆိုတာ ပြန်မလာဘူး တဲ့……. မှန်ပါတယ် အတိတ်ဆိုသည်မှာ အနာဂါတ်ကို သယ်ဆောင်လို့ရကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့… ဘဝသမိုင်းစာမျက်နှာတိုင်းမှာတော့ ၊ အတိတ်တွေရှိခဲ့ကြလို့သာလျှင် ပစ္စုပ္ပန်နဲ့ အနာဂါတ်တို့ မွေးဖွား လာရခြင်း ဆိုလျှင် ပိုမှန်ကန်ပါလိမ့်မယ် ၊ အနာဂါတ်ကို ခရီးဆက်ဖို့ အတွက် အတိတ်ရဲ့ သမိုင်းစာမျက်နှာကိုတော့ ပြန်လည်ငေးမောရစမြဲပါပဲ…………………………………
အချိန်ကို နေ့စား ၊ နေ့ကို လစား ၊ လကို နှစ်စားလို့ ၊ ဘဝရဲ့ အချိန်တွေ ကုန်ဆုံးခဲ့ကြပေမဲ့ ရင်ထဲမှာတော့ ရက် ၊ လ ၊ နှစ် ၊တွေကို လွမ်းမောတမ်းတနေဆဲပါပဲ ၊ လွမ်းတဲ့ စိတ်ကို ဖြေသိပ်ဖို့ အတွက် အားအင်လျှော့နဲတဲ့ လက်တစ်စုံနဲ ဘဝ သမိုင်းစာမျက်နှာကို ၊ ပြန်လှန်ကြည့်မိသော အခါ……………………..

သမိုင်းစာမျက်နှာ(၁)

နာကျင်မှု့ ခါးသီမှု့တို့ကို မရင့်ကျတ် မတည်ငြိမ်သေးတဲ့ အချိန် ၊ လွတ်မြောက်မှု့ ဝိမုတ္တိရသကို ရှာဖွေရင်း …. ခရီဆက်ခဲ့တဲ့ ဆယ်နှစ်သားအရွယ်ကပင် မြန်မာတို့ရဲ့ ယာဉ်ကျေးမှု့ အလေးနက်ထားရာ မိရိုးဖလာ ပဗ္ဗဇ္ဇ မင်္ဂလာခေါ်တဲ့ ရှင်သာမဏေဘဝလေးကိုဘဲနှစ်ခြိုတ် ပျော်မွေ့ရင်း ….. ခရီဆက်ခဲ့ရပါတယ် ။ မြန်မာတို့ အားကိုအားထားပြုရာ မွန်မြတ်တဲ့ ဖန်ဝါဆင်မြန်း ဝတ်သင်္ကန်းလေးကို ဝတ်ရုံရင်းဘဲ မရပ် မနား အားလပ်ချိန်များကို ကူးခတ်ရင်း ….
ရှင်သာမဏေတို့ရဲ့ ယဉ်ကျေးမှု့ ခေါ်တဲ့ ရှင်ကျင့်ဝတ်နှင့် ၊ ပရိတ်ကြီး (၁၁) သုတ် ၊ ဘုရားရှိခိုး အမျိုးမျိုး နဲ့ မေတ္တာပို့နည်း အသီးသီးကို ၊ မော နေအောင် ကျက်ခဲ့ရတယ် ၊ ရက် ၊ လ ၊တို့ တိုက်စားရာ အချိန်နည်းငယ် ကြာလာတာနဲ့အမျှ ဆရာသမား၏ အားပေး မြှောက်စားမှု့ အောက်မှာ ကျင်လည်ရင်း ……..
သင်္ကန်းကိုစီး စိတ်ပုတီးနှင့် ဘုန်းကြီး ဘဝဟာ သဒ္ဒါမတတ်ရင် စာမတတ်တော့ဘူး ဟူသော ဆရာဘုန်းကြီးရဲ့ သွန်သင်ညွန်ပြမှု့ကို လေ့လာသိရှိခဲ့ရပြန်တော့လည်း ၊ မာနကိုလိုချင် မာန်ဟုန်ကို ရှေ့တန်းတင်ချင်တဲ့ ကလေးဘဝမို့ သဒ္ဒါစာ အုပ်ကိုထုပ် ၊ ပါးစပ်က အမြုတ်စီအောင် ၊ သုတ်စဉ် သုတ်နက် ၊ သဂြို င်္လ်ပါဌ် အနက်များကိုလည်း ၊ ကျေညတ်အောင် တတွတ်တွတ်ကျက်ရပြန်ပြီ ၊ သုတ်စဉ်၊ သုတ်နတ် နှင့် သင်္ဂြိုလ်လေး အနည်းငယ်ရရင်တော့ စာသင်တိုက်ပို့သွားရမယ် ဆိုတဲ့ ဆရာသမားရဲ့ အားပေးမှု့ကြောင့် ပညာရေး အိမ်မတ်ကို နောက်ထပ်တစ်ခါ လင်းလက်ခဲ့ရပြန်ပါတယ် ဒီလိုနဲ့ဘဲ ဆရာသမားရဲ့ ၊ မြှောက်စားမှု့ ခြောက်ထားမှု့တွေရဲ့ အောက်မှာ အငိုတစ်လှည့်၊ အပြုံး တလှည့်နဲ့ ဘဝဇာတ်ခုံပေါ်မှာ ၊ ဇာတ်ဆရာရဲ့ အလိုကျ ကြိုးဆွဲရာ ကရင်း ခုန်းရင်း ခရီဆက်ခဲ့တာကတော့ မသေချာမရေရာတဲ့ မနက်ဖန်ဆိုတဲ့ အိမ်မတ်တွေရဲ့ကြားမှာ အားတက်လိုက် ဆုတ်နစ်လိုက်နဲ့ ဖြတ်သန်းကူးခတ်ခဲ့ရပါတယ် ။
ဒီကြားထဲ …..
ပျော်စရာတွေကို အဆက် မပြတ် ပေးဆပ်လေ့ရှိတဲ့ တို့ရွာနောက်က
ချစ်စရာ ဧရာဝတီရဲ့ ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ ဆော့ကစားရင်း
လှိုင်ခက်သံတွေရဲ့ကြားထဲမှာ ကြီးပျင်းလာရတဲ့ ဧရာဝတီသားလေးကို
ချစ်တတ် ခင်တတ် လွမ်းတတ် အောင် ၊ သင်ပေးခဲ့တဲ့ ချစ်စရာ
ဧရာဝတီကိုလည်း လွမ်းမောနေရပြန်ပါတယ်……………

အရာရာကို ခွဲခြားစိတ်ဖြာနိုင်ခြင်း မရှိသေးတဲ့ ၊ ကလေးတစ်ယောက်မို့ အနာဂါတ်လမ်းက မပီဝိုးတဝါး၊
ကျန်မာရေး ဂရုစိုက် ၊ စာကြိုးစားသင် ၊ လိမ်လိမ် မာမာနေ ၊ ဆိုတဲ့ ကျေးဇူးရှင် မိခင် ဖခင် ဆရာ သမားတို့ရဲ့ ၊ ပဲ့တင်ထပ်မျှ ဆိုဆုံးမတဲ့ စကားသံတွေဟာလည်း ၊ဝှေ့ဝဲချင်သည့်မျက်ရည်များကြားက
ကြားတချက် မကြားတချက်နဲ့ ၊ ချစ်စရာ ဧရာဝတီရဲ့ လှိုင်ခက်သံတွေကို လက်ပြနုတ်ဆက်၊ ယုံကြည်ချက် ၊ မီးလျှံတို့၏ ၊ မောင်းနှင်းအားဖြင့် ပညာသင် ခရီးကို စခဲ့လေသည် ။

သမိုင်းစာမျက်နှာ (၂)

ဒီလိုနဲ့ မဟာရန်ကုန်မြို့ရဲ့ ၊ လူတန်းစားပေါင်းစုံ ကျင်လည် ကျက်စားရာ မြို့ပြအလှကို ခံစားရင်း သဘာဝရဲ့ အလှတရားတွေကို ဗဟိုပြုပြီး ၊ ဧရာဝတီသားလေး ပထမဆုံး ကျင်လည်ခဲ့တာကတော့…
တစ်ချိန်က ရာဇဝင်တွင်ခဲ့ဘူးတဲ့ ၊ ငမိုးရိပ်ချောင်းရဲ့ ကန်မဖူးက ၊ မင်းနန္ဒာစာသင်တိုက်တဲ့ ၊
ရောမရောက်ရင် ၊ ရောမလိုကျင့် ၊ ဆိုတဲ့ ဆိုရိုးစကားနှင့် အညီ သဘာဝကို မလွန်ဆန်နိုင်တဲ့ လူသားတို့ သဘာဝအတိုင်း ………
စာသင်တိုက်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ကျင့်သုံး ၊ ဝတ္တရားတွေကို ကျေပွန်စွာ ဆောင်ရွတ် ၊ အသိတရား တချို့တဝက်ကို သင်ယူ ၊ ဘဝရဲ့ နိဒါန်း သမိုင်း စာမျက်နာကို လှန်လှော်ရင်းဖြင့် ၊
ဘဝရဲ့ ခရီးကြမ်းကို ပထမဆုံးခြေလှမ်းတွေနဲ့ ၊ လျှောက်လှမ်းခဲ့ ရပါတယ် ၊ ရှေ့ရေစက်ကြောင့် ၊
ခင်မင်ရင်းနှီးခဲ့ရတဲ့ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ၊ စာသင် စာကျက် ဘုရားဝတ်တက် ၊
အစရှိတဲ့ စာသင်တိုက်ရဲ့ ၊ ထုံးစံ အမျိုးမျိုးကို ၊ ဘဝတူ သူငယ်ချင်းတွေနဲ့ အတူ ၊ လိုက်နာ
ဆောက်ရွတ် အဖက်ဖက်မှ မပျက်ကွပ်ရလေအောင် ထမ်းဆောင်ရင်း ၊ အငိုတစ်လှည့် ၊ အပြုံးတစ်လှည့် နဲ့ ၊ လောကဓံရဲ့ စေညွန်ရာ ဒုက္ခမျိုးစုံကို ၊ ဘဝတူ သူငယ်ချင်းတို့ ၊
အေးတူ ပူအမျှ မျှဝေခံစား ၊ အသိတရားတွေဖလှယ် ရင့်ကျက်စ အရွယ်သို့ ၊ ရောက်ကြရပြန်တော့လည်း ၊ နှစ် လ တွေပြောင်းလို့ နှစ် နှစ်ကျော် သုံးနှစ်တောင် နှောင်းခဲ့ပါပြိ ၊
ဒီလိုနဲ့ဘဲ….
လောကဇာတ်ခုံပေါ်မှာ ဘဝသရုပ်ကို ထုပ်ဖော်ဘို့အတွက် အနာဂါတ်ရဲ့ လမ်းစကို ကိုယ်စီ ကိုယ်စီ ရှာဖွေဘို့ အတွက် ၊ ဆုံးဖြတ်ချက် ကိုယ်စီချခဲ့ကြတဲ့နေ့ဟာ ( ၇ . ၁၁ . ၁၉၉၉ ) ။
လူထွက်တဲ့ သူကထွက် တနယ်တကျေး ရောက်တဲ့ သူကရောက် ၊ ဒီဇင်ဘာ ညရဲ့ အဖြူရောင် မြူနှင်းများ အောက်မှာ ၊ မရေရာ မသေချာတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်ဆောင်ရင်း ရောင်ချာချာ ကျန်ခဲ့တဲ့ သူက… ကိုယ်တစ်ယောက်ထဲ ………..
လမ်းပျောက်လို့ လမ်းစရှာဖို့ အတွက် ကြိုးစားနေချိန် ၊ ခေါင်းထဲက အတွေး အပိုင်းစများနဲ့ ရောထွေးလျှက်ပါလာတဲ့ ခေါ်သံတစ်ချို့က ၊
…ငါ့ညီ နေ့လည်က ငါ့ညီမရှိလို့ ငါယူထားလိုက်တာ ၊ စာတစ်ဆောင်ရောက်လာတယ် ရော့ ဆိုပြီး ၊
နောင်တော်တစ်ပါးက လာပေးပါတယ်၊ ဒါနဲ့ ကမန်းကတမ်း ၊ ကောက်ဖွင့် ကြည့်တော့ အနာဂါတ် လမ်းခရီးကို စတင်မွေးထုပ်ပေးခဲ့သူက …….မာတာမိခင် ကျေးဇူးရှင် ………

“ သို့ …..သားလေး ကျမ်းမာရေးကောင်းရဲ့လား ၊ စာတွေရော လိုက်နိုင်ရဲ့လား ၊ ဘာလိုသေးလဲ ငါ့သားလေး လိုတာရှိရင် အမေ့ကိုပြော ၊ အမေ မရှိ ရှိတာ ရှာကြံပေးမယ် ၊
ငါ့သားလေးသာ ဒီဘဝမှာ ပျော်တယ်ဆိုရင် အမေသေပျော်ပါပြီ သားလေးရယ် ၊
သားလေး မှတ်ထားပါ လု့ဘဝဆိုတာဟာ ရခဲတယ် သားလေးရဲ့ ၊ အဲ့ဒိလို ရခဲတဲ့ ဘဝမှာ မြင့်မြတ်တဲ့ အလုပ်အကိုင်လုပ်နိုင်တဲ့ သူက ၊ တကယ့် အာဇာနည်းဘဲ သားရဲ့ ၊ သားလေးရဲ့ အဘိုးကလည်း မှာလိုက်သေးတယ် ..သူမသေခင် ငါ့သားလေး ဘုန်းကြီးဝတ်နေတာကို မြင်ချင်သေးတယ်တဲ့ ၊ ငါ့သားလေးလဲ စာကျက် စာအံ့နဲ့ နေ့စဉ်လုပ်နေရတယ်ဆိုတော့ ၊ တော်တော်ပင်ပန်းနေမှာဘဲနော် ၊
သားလေး ပင်ပန်းတယ်ဆိုတာကို အမေသိလို့ ငါ့သားလေး အားရှိတဲ့ အစား အစာတွေ ဝယ်စားဘို့ အတွက် .. အမေစုထားတဲ့ ငွေတစ်သောင်းကို သားလေး သုံးဘို့ထည့်ပေးလိုက်ပါတယ် .. သားလေး သုံးပါ ၊ အမေ့မှာ ပိုက်ဆံမရှိပေမဲ့ သားရှိရင် အမေ အားရှိပါတယ် ၊ သားပျော်ရင် အမေလည်း ပျော်တယ် ”
ဆိုတဲ့ မေမေရေးပို့လိုက်တဲ့ စာရွတ်ပေါ်မှာ ၊ မိုးပေါက်အလား တစ်ပျောက်ပျောက်ကျခဲ့ရတဲ့ မျက်ရည်တို့ရဲ့ ဦးတည်ရာကတော့…..ရွှေမန္တလာရဲ့ ဒုတိယ ပညာသင် ခရီး ……

သမိုင်းစာမျက်နှာ ( ၃ )

ဟန်ဆောင်မှု့ ၊ လိင်ညာမှု့ ကင်းတဲ့ ရွှေမန္တလာမှာ အခြေချခဲ့တဲ့နေ့ဟာ ( ၁၂ . ၃ .၂၀၀၀ ) ခုနှစ် ။
စာသင်တိုက်ကြီး တိုက်ငယ် အသွယ်သွယ်နှင့် ကျင်လည် ကျက်စား ၊ ရွှေမန္တလာမြေရဲ့ နေ့ရက်များကို ခတ်ခဲစွာ ကျော်ဖြတ် ၊ အနတ်တေး ၊ အနတ်ကျက် ၊ ပုဒ် ၊ ပါဌ် ၊ ရုပ် ၊ ဓါတ် ၊ ပစ္စည်း ပစ္စယတ် တို့၏ ၊
သဘောတရားများကို သင်ယူ ၊ စိတ်ရှုပ် စေတသိတ်ရှုပ် ၊ ရုပ် သရုပ် တို့၏ အဘိဓမ္မာသဘောတရားကို ရှာဖွေ ၊ ပညာထူးမြတ်တော်မူကြသော ဆရာမြတ်တို့၏ ၊ မီးမှောင်းထိုးပြတဲ့ ၊ စေတနာလမ်းကြောင်းအောက်မှာ ၊ အသိ စိတ် ဓါတ်တို့ မရင့်ကျက်သေးချိန် ဆိုတော့လည်း ……..
ဖြောင့်တန်းလိုက် ကောက်ကွေ့လိုက်နဲ့ဘဲ ၊ အဆင့်မြင့် ပိဋိက ပင်လယ်ထဲ နှစ်ပေါင်းမှားစွာ
ကူးခတ်ရင်း …. ရသင့် ရထိုက်တဲ့ ဆုလာဘ် များကို ၊ ကိုင်ဆောင်ပြီးချိန် ..
အသိ စိတ်ဓါတ်တို့ ရင်ကျက်စ အရွယ်မှာတော့ မျိုးဆက်သစ်ရှင်ငယ် ရဟန်းငယ်တို့ နောက်ပြန်မလှည့်သာသော .. ဥပသမ္ပဒ လမ်းကြောင်းပေါ်သို့ တက်လှမ်းခဲ့ရပါတယ် ….

( ဆက်လက်ဖော်ပြပါဦးမည် )
သံစဉ် ….

No comments:

Post a Comment